Home
နိုင်ငံတကာ
မဲဆွဲပွဲမန်နေဂျာကို အိမ်ဖြူတော်အရာရှိအဖြစ် ဒေါ်နယ်ထရမ့်ပ်ခန့်အပ်  
DVB
·
November 8, 2024
Photo-Reuters

အိမ်ဖြူတော်အရာရှိအဖြစ် မဲဆွဲပွဲမန်နေဂျာ ၂ ဦးအနက် ၁ ဦးဖြစ်တဲ့ ဆူဆန်ဝိုင်းကို ခန့်အပ်ခဲ့ကြောင်း ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာခဲ့ပါတယ်။

ထရမ့်ပ်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတတာဝန်ကို စတင်ထမ်းဆောင်မှာဖြစ်ပြီး အစိုးရအဖွဲ့ရာထူးတွေအနက် အိမ်ဖြူတော်အရာရှိရာထူးကို ပထမဆုံး ကြေညာခဲ့တာပါ။

ဆူဆန်ဝိုင်းဟာ အိမ်ဖြူတော်အရာရှိအဖြစ် တခြားအစိုးရအဖွဲ့တွေ၊ ဥပဒေပြဋ္ဌာန်းသူတွေရဲ့ ဆက်သွယ်မှုကို အဓိက တာဝန်ယူရမှာဖြစ်ပြီး သမ္မတရဲ့ အချိန်ဇယားတွေကို ပြင်ဆင်ပေးရမှာဖြစ်ပါတယ်။

အသက် ၆၇ နှစ်အရွယ်ရှိ ဆူဆန်ဝိုင်းဟာ အိမ်ဖြူတော်အရာရှိအဖြစ် ထမ်းဆောင်ရမယ့် ၃၂ ယောက်မြောက် အရာရှိဖြစ်လာမှာဖြစ်သလို ပထမဆုံး အမျိုးသမီး အိမ်ဖြူတော်အရာရှိဖြစ်လာမှာလည်း ဖြစ်ပါတယ်။

“ဆူဆန်က စိတ်ဓာတ်မာတယ်၊ စမတ်ကျတယ်၊ တီထွင် ဉာဏ်ရှိတယ်၊ နေရာစုံမှာလေးစားပြီး အားကျခံရသူတယောက်ပါ။ သူက ကျနော်တို့နိုင်ငံအတွက် ဂုဏ်ယူရအောင် လုပ်နိုင်မယ်ဆိုတာ သံသယမရှိပါဘူး” လို့ ထရမ့်ပ်က ကြေညာချက်မှာ ပြောပါတယ်။

ဝိုင်းဟာ မဲဆွယ်ပွဲမန်နေဂျာ ခရစ်နဲ့အတူ ထရမ့်ပ်ရဲ့ သမ္မလောင်း မဲဆွယ်ပွဲတွေကို စနစ်တကျစီစဉ်ပေးခဲ့တာကြောင့် ထရမ့်ပ်က ကျေးဇူးတင်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဖော် ပြောဆိုထားပါတယ်။

လက်ရှိအချိန်မှာ ထရမ့်ပ်ဟာ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဖလော်ရီဒါကမ်းခြေရှိ သူ့ရဲ့ မာအေလာဂိုကလပ်မှာ သီးခြားနေပြီး အစိုးရအဖွဲ့ရဲ့ ထိပ်တန်းရာထူးတွေကို ရွေးချယ်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

၂၀၁၇-၂၀၂၁ ကာလတုန်းက အစိုးရအဖွဲ့မှာ ပါဝင်ခဲ့တဲ့သူတွေ ပြန်ပါဝင်လာနိုင်တယ်လို့လည်း ခန့်မှန်းသူတွေက ခန့်မှန်းထားကြပါတယ်။ 

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024