အမေရိကန် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့ နီးကပ်လာတာကြောင့် ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က မိန့်ခွန်းပြောကြားဖွယ် ရှိပါတယ်။
မြောက်ကာရိုလိုင်းနားနဲ့ ဂျော်ဂျီယာပြည်နယ် စတဲ့ အဓိက ပြည်နယ် ၇ ခုအနက် ၂ ခုမှာ အနိုင်ရပြီးနောက် ဒေါ်နယ်ထရမ့်ပ်ဟာ ဖလော်ရီဒါမှာ မိန့်ခွန်းပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။
ရီပတ်ဘလစ်ကန်တွေဟာ လွှတ်တော်မှာ ဒီမိုကရက်တွေကို ပြန်လည်အသာရလာတာပဲ ဖြစ်ပါတယ်။ အမေရိကန် သမ္မတရွေးကောက်ပွဲ နောက်ဆုံးအပြီးသတ် မဲရလဒ် မထွက်ပေါ်သေးပေမဲ့ လက်ရှိ မဲရေတွက်ပြီးသလောက် ဒေါ်နယ်ထရမ့်ပ်က တဖြည်းဖြည်းချင်း အသာရနေတာ ဖြစ်ပါတယ်။
မြန်မာစံတော်ချိန် နေ့လယ် ၃ နာရီ လောက်အထိ AP သတင်းဌာနရဲ့ ဖော်ပြမှုအရ ဒေါ်နယ်ထရမ့်ပ်က ၅၁ ဒသမ ၂ ရာခိုင်နှုန်း ( ၂၆၇ မဲ) ရရှိနေကာ ကမ်မလာဟားရစ်ကတော့ ၄၇ ဒသမ ၄ ရာခိုင်နှုန်း ( ၂၂၄ မဲ) ရရှိနေတာ တွေ့ရပါတယ်။ ဒါကြောင့် ဒေါ်နယ်ထရမ့်က အနိုင်ရဖို့ လိုအပ်တဲ့ မဲအရေအတွက် ၂၇၀ ပြည့်ဖို့ ၃ မဲလောက်သာ လိုအပ်တဲ့အနေအထားဖြစ်ပါတယ်။