Home
နိုင်ငံတကာ
တိုင်းပြည်စီးပွားရေးကို ကယ်တင်ခဲ့ဟု ထရမ့်ပ်ပြော၊ ထရမ့်ပ်၏အတိတ်ကို ပြန်လှည့်ကြည့်ရန် ဟားရစ် တိုက်တွန်း
DVB
·
November 4, 2024
Photo : Reuters

ဒေါ်နယ်ထရမ့်ပ် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်သူတွေက ပြောထားကြတဲ့ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၊ ဆာလမ်မြို့မှာလုပ်တဲ့ လူထုစည်းဝေးပွဲမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က စီးပွားရေး လုံးဝပျက်စီးသွားတာကနေ ကယ်တင်ဖို့ သူ သမ္မတအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ နိုဝင်ဘာ ၂ ရက်မှာ ပြောပါတယ်။

သူ့အနေနဲ့ ဒီနေ့ ဒီမှာ နေစရာမလိုဘူး၊ သူ့ကမ်းခြေမှာ သူနေနိုင်တယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။

သူ့ရဲ့ လူထုစည်းဝေးပွဲကို  လိင်ပြောင်းအားကစားသမားတွေ အားကစားပွဲတွေမှာ ယှဉ်ပြိုင်ခွင့် ပေးတာကို ကန့်ကွက်တဲ့ ဒေသတွင်း ကောလိပ်ရေကူးအဖွဲ့က အမျိုးသမီးတွေလည်း ပါဝင် တက်ရောက်ပါတယ်။

ထရမ့်ပ်ရဲ့ TV ကြော်ငြာတချို့ကလည်း လိင်ပြောင်းခြင်းဆိုင်ရာ အငြင်းပွားမှုတွေကို ခေါင်းကြီးပိုင်းကနေ ဖော်ပြဖို့ ကြိုးပမ်းခဲ့ပါတယ်။

ပြည်နယ်အတွင်း သမ္မတဟောင်းနဲ့ ဆက်ဆံရေးကို ဂရုတစိုက် ကိုင်တွယ်ခဲ့တဲ့ ဗာဂျီးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂလန်းယန်းကင်းကလည်း ထရမ့်ပ်နဲ့အတူ စင်မြင့်ပေါ်တက်လာပြီး သူ့ကိုထောက်ခံဖို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်တဲ့ လက်ရှိ ဒုတိယသမ္မတ ကမ်မလာ ဟားရစ်ကတော့ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆယ်စုနှစ်တခုဆီ နောက်ဆုံးအနေနဲ့ စာမျက်နှာလှန်ကြည့်ဖို့ အတ္တလန္တာ ပြည်နယ်က ထောက်ခံသူတွေကို တောင်းဆိုခဲ့ပါတယ်။

ဖလော်ရီဒါတက္ကသိုလ်က ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ Election Lab ရဲ့ အဆိုအရ  အမေရိကန်နိုင်ငံသား သန်း ၇၀ ကျော် မဲပေးခဲ့ပြီးပါပြီ။ ဒါဟာ ကိုဗစ်ရောဂါကာလ ၂၀၂၀ ပြည့်နှစ်အတွင်း စံချိန်တင် မဲပေးမှုနှုန်းထက် နိမ့်ကျခဲ့ပေမဲ့ မဲပေးသူတွေရဲ့ စိတ်အားထက်သန်မှု မြင့်မားနေဆဲဆိုတာ ညွှန်ပြနေပါတယ်။

ဟားရစ်နဲ့ ထရမ့်ပ်တို့ဟာ ယူကရိန်းနဲ့ NATO ကို ထောက်ခံမှု၊ ကိုယ်ဝန်ဖျက်ချခွင့်၊ လူဝင်မှုကြီးကြပ်ရေး၊ အခွန်ကိစ္စတွေ၊ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကန် ပါတီတွေကြား ကွဲလွဲမှုတွေကို ထင်ဟပ်စေတဲ့ ကွဲပြားတဲ့ ပြဿနာတွေ အပါအဝင် အဓိကပြဿနာတွေအတွက် အင်မတန် ကွဲပြားခြားနားတဲ့ မူဝါဒတွေ ရှိနေကြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013