ရုရှားဟာ မြောက်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှု လုပ်နိုင်တယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။
နိုဝင်ဘာ ၇ ရက်က ဆိုချီမြို့မှာ ကျင်းပတဲ့ ဗားလ်ဒိုင်း ဆွေးနွေးမှုကလပ်မှာ မော်စကိုက ပြုံယမ်းနဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ဖို့ ရှိ မရှိ မေးခွန်းကို ပူတင်က “ကြည့်မယ်လေ။ လုပ်လို့ရတာပဲ။ ဘာလို့ မရ ရမှာလဲ” လို့ ပြောသွားခဲ့တာပါ။
ပူတင်ဟာ ယူကရိန်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရုရှားဒေသမှာ မြောက်ကိုရီးယားတပ်တွေ ရှိနေတာကို မငြင်းဆိုခဲ့သလို အတည်လည်း မပြုထားပါဘူး။
အခုနှစ်အစောပိုင်းက ချုပ်ဆိုခဲ့တဲ့ မြောက်ကိုရီးယားနဲ့ ရုရှားပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ဟာ မော်စကိုရဲ့ မြောက်ကိုရီးယားနဲ့ပူးပေါင်းဆောင်ရွက်မှုရဲ့ ပုံပန်းသွင်ပြင်ကို ရှင်းလင်း ကွဲပြားသွားစေလိမ့်မယ်လို့ ပူတင်က ပြောဆိုပါတယ်။
တခြားနိုင်ငံ တခုခုကနေ ရန်စလာတဲ့အခါ အပြန်အလှန် အကူအညီတွေအကြောင်း ပြောထားတဲ့ စတုတ္ထဆောင်းပါးလည်း ရှိပါတယ်လို့ သူက ဆိုပါတယ်။
မြောက်ကိုရီးယားနဲ့ မော်စကိုရဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ဟာ ဒေသတွင်း တည်ငြိမ်ရေးရဲ့ လက္ခဏာဖြစ်တယ်လို့လည်း ရုရှားသမ္မတက ပြောသွားပါတယ်။
ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့မှာ ကျင်းပနေတဲ့ ဥရောပနိုင်ငံရေးအသိုင်းအဝိုင်း ထိပ်သီး အစည်းအဝေးမှာ နေတိုးအတွင်းရေးမှူးချုပ် မာ့ခ်ရွတ်တဲကတော့ ရုရှားနဲ့ မြောက်ကိုရီးယားတို့ ကြား ခိုင်မာတဲ့ဆက်ဆံရေးဟာ ဥရောပလုံခြုံရေးအတွက်သာမက အမေရိကန်အတွက်ပါ ခြိမ်းခြောက်မှု ဖြစ်ကြောင်း နိုဝင်ဘာ ၇ ရက်မှာ ပြောပါတယ်။
Source: Reuters