ယူကရိန်းစစ်တပ်နဲ့ မြောက်ကိုရီးယားတပ်တွေ ပထမဆုံး ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဟာ ကမ္ဘာမှာ မတည်မငြိမ်ဖြစ်ဖို့ လမ်းဖွင့်ပေးခဲ့တာပဲလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက နိုဝင်ဘာ ၅ ရက်မှာ ပြောပါတယ်။
“မြောက်ကိုရီးယား စစ်သားတွေနဲ့ ပထမဆုံးတိုက်ပွဲက ကမ္ဘာမှာ မတည်မငြိမ်ဖြစ်မှုရဲ့ စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။ ဒီရုရှားက စစ်ပွဲကို ချဲ့ထွင်ဖို့၊ တကယ့်ကို ထပ်တိုးလာတဲ့ ခြေလှမ်းကို ပူတင်နဲ့ မြောက်ကိုရီးယားအတွက် အရှုံးဆီ ဦးတည်တဲ့ ခြေလှမ်းဖြစ်သွားတာ သေချာစေဖို့ ကျနော်တို့ ကမ္ဘာကြီးနဲ့အတူ လုပ်နိုင်သမျှ အားလုံးကို လုပ်ရလိမ့်မယ်” လို့ ဇလန်းစကီးက ညစဉ် ဗီဒီယိုမိန့်ခွန်းထဲမှာ ပြောပါတယ်။
ယူကရိန်း ကာကွယ်ရေးဝန်ကြီး ရပ်စ်တမ် အူညာ ရော့ဗ် ကလည်း မြောက်ကိုရီးယားတပ်တွေနဲ့ လက်နက်ကိုင် ထိတွေ့ခဲ့တယ်လို့ တောင်ကိုရီးယား ရုပ်မြင်သံကြားနဲ့အင်တာဗျူးမှာ အတည်ပြုပြောပါတယ်။
Source: Reuters