Home
နိုင်ငံတကာ
မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်
DVB
·
November 5, 2024
Photo: REUTERS/Kim Hong-Ji

မြောက်ကိုရီးယားဟာ အမည်မသိ ပဲ့ထိန်းဒုံးကျည်တစင်းကို ကိုရီးယားကျွန်းဆွယ်အရှေ့ဘက် ပင်လယ်ပြင်ကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က နိုဝင်ဘာ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဂျပန်အစိုးရကတော့ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ မြောက်ကိုရီးယားဟာ ဒီနေ့မနက် ၇ နာရီမှာ တာတိုပစ် ပဲ့ထိန်းဒုံးကျည် အများအပြားကို ကိုရီးယားကျွန်းဆွယ် အရှေ့ဘက် ပင်လယ်ပြင်ကို ပစ်လွှတ်ခဲ့ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ယိုရှိမဆ ဟယရှိက နိုဝင်ဘာ ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒုံးကျည်တွေဟာ ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန် (EEZ) အပြင်ဘက်ကို ကျရောက်ခဲ့ကြောင်း ဟယရှိက ပြောပါတယ်။

လောလောဆယ် အသေးစိတ် အချက်အလက်တွေကို အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ အနီးကပ်ပူးပေါင်းပြီး ခွဲခြမ်းစိတ်ဖြာနေတယ်လို့လည်း ဆိုပါတယ်။

ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည် အနည်းဆုံး ၇ စင်းလောက်ဟာ အမြင့်ဆုံး အမြင့်ပေ ၁၀၀ ကီလိုမီတာနဲ့ အကွာအဝေး ကီလိုမီတာ ၄၀၀ အထိ ခရီးနှင်ခဲ့တယ်လို့ ယူဆရကြောင်းလည်း ဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ထပ်ခါတလဲလဲ ဒုံးကျည်ပစ်လွှတ်မှုတွေဟာ လုံးဝ လက်ခံနိုင်စရာ မရှိကြောင်း ဟယရှိက ပြောကြားလိုက်ပြီး ဒါတွေကို နိုင်ငံတွင်း၊ ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဂျပန်က ရှုမြင်ကြောင်းလည်း ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ဟွာဆုန်း-၁၉ လို့ နာမည်ပေးထားတဲ့ လောင်စာခဲစွမ်းအင်သုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အသစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက်မှာ လောလောလတ်လတ် ထပ်မံပစ်ခတ်လိုက်တာ ဖြစ်ပြီးတော့ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် မဲရုံမဖွင့်ခင် နာရီပိုင်း အလိုလောက်မှာ လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013