Home
မြန်မာသတင်း
တောင်ခမ်း ၉၀၂ တပ်နှင့် ဂန့်ကော်ရွာတွင် တိုက်ပွဲများ ပြင်းထန်နေ
DVB
·
November 7, 2024
TNLA_07112024
TNLA1_07112024

နောင်ချိုမြို့နယ်၊ တောင်ခမ်းနဲ့ ဂန့်ကော်ကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

လနဲ့ချီပြီးတိုက်နေရတဲ့ နောင်ချိုမြို့၊ တောင်ခမ်းကျေးရွာက မစခ ၉၀၂ တပ်၊ အမတ ၃၅ တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ အခြေချဖို့ ကြိုးစားနေတဲ့ ဂန့်ကောကျေးရွာတို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြာင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ အများအပြား ရယူကာကွယ်ပေးနေတယ်လို့ TNLA သတင်းနှင့် ပန်ကြားရေးတာဝန်ခံလွေးယေဦးက DVB ကို ပြောပါတယ်။

“ဂန့်ကော်ရွာဘက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တောင်ခမ်းဘက်မှာဆိုရင်တော့ ဒီတရက် နှစ်ရက်အတွင်း ၉၀၂ တပ်နဲ့ တိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။” 

နောင်ချိုမြို့နယ်က စစ်ကောင်စီ ပြန်လည်ထိန်းချုပ်ထားတဲ့ ကုလားရွာကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်ထိုးစစ်ဆင်ကာ ထိန်းချုပ်ထားနိုင်ပြီဆိုတဲ့ သတင်တွေ ထွက်ပေါ်ပေနေမဲ့ အဲ့ဒီနေရာက သတင်းအခြေအနေတွေကတော့ သတင်းတက်လာတာမျိုး မရှိသေးဘူးလို့ လွေးယေဦးက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်တွေအနေနဲ့ တောင်ခမ်းက အမြှောက်တပ်စခန်း ၄ ခုအနက် ၂ ခုကို လက်လွှတ်ထားရပြီး ကျန်တပ်စခန်း ၂ မကျစေရေးအတွက် လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံနေရကာ လက်နက်ခဲယမ်းရိက္ခာတွေကိုလည်း လေကြောင်းက ဖြည့်တင်းပေးနေရတယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ TNLA သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာ ၂၂ ရက်က စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး အောက်တိုဘာ ၂၇ ရက်မှာ TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ဆုတ်ခွာပေးခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013