အာဆင်နယ်ကနေ အားကစားဒါရိုက်တာ အီဒူး ထွက်ခွာမှာဖြစ်ပေမဲ့ အသင်းရဲ့ အစီအစဉ်တွေ ပြောင်လဲသွားမှာမဟုတ်ကြောင်း နည်းပြ အာတေတာက ပြောသွားပါတယ်။
အီဒူးနဲ့ အလုပ်တွေ တွဲလုပ်ရတာက ပျော်ရွှင်ကျေနပ်စရာဖြစ်ပြီး အသင်းကနေ ထွက်ခွာမယ့် သူ့ရဲ့ ဆုံးဖြတ်ချက်က အံ့အားသင့်စရာဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
အီဒူးနဲ့ တွဲဖက်လုပ်ဆောင်ခဲ့သမျှ အားလုံးက ကျေနပ်စရာကောင်းပြီး အသင်းအတွက် လုပ်ဆောင်ပေးခဲ့တာတွေကို အထူးကျေးဇူးတင်ရှိကြောင်း အာတေတာ က ပြောပါတယ်။
အီဒူးရဲ့ ဆုံးဖြတ်ချက်အပေါ် လေးစားမူရှိရမှာဖြစ်ပြီး အသင်းရဲ့ အနာဂတ်အစီအစဉ်တွေကတော့ ပြောင်းလဲသွားမှာမဟုတ်ကြောင်း နည်းပြ အာတေတာ က ပြောသွားပါတယ်။