အာဆင်နယ်အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်ဟာ အင်တာမီလန်နဲ့ ကစားရမယ့် ချန်ပီယံလိဂ် လူစာရင်းမှာ ပြန်လည်ပါဝင်လာမယ်လို့ သိရပါတယ်။
နော်ဝေ ကွင်းလယ်ကစားသမားဟာ ဒဏ်ရာကြောင့် အနားယူနေရသူဖြစ်ပြီး အင်တာနဲ့ ချန်ပီယံလိဂ် လူစာရင်းမှာ ပြန်လည်ကစားနိုင်တော့မယ်လို့ သိရပါတယ်။
အိုဒီဂတ်ဟာ နိုဝင်ဘာ ၅ ရက်က အသင်းနဲ့ လေ့ကျင့်ခန်းအပြည့်အဝ ပြန်ဆင်နိုင်ခဲ့တာပါ။ တခြားတဘက်မှာတော့ ကွင်းလယ်လူ ဒက်ကလန်ရိုက်ဟာ အင်တာနဲ့ လူစာရင်းမှာ ပါဝင်လာခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက်ရှုံးထားလို့ နိုင်ပွဲပြန်ရှာဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။