အမေရိကန်သမ္မတ ရွေးကောက်ပွဲနေ့ နိုဝင်ဘာ ၅ ရက်မှာ မက္ကဆီကိုတောင်ပိုင်းမှ ရွှေ့ပြောင်းနေထိုင်သူ ၃,၀၀၀ လောက် ပါဝင်တဲ့ မော်တော်ယာဉ်တန်းကြီးဟာ အမေရိကန်ပြည်ထောင်စုကို ဦးတည်ထွက်ခွာလာခဲ့ကြပါတယ်။
လူဝင်မှုကြီးကြပ်ရေးဟာ အမေရိကန် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှာ အဓိကပြဿနာလည်း ဖြစ်ပါတယ်။
မြောက်ဘက်ကို မထွက်ခွာလာခင်မှာ ရွှေ့ပြောင်းနေထိုင်သူတွေဟာ တောင်ပိုင်း ချီယာပါစ်ပြည်နယ်ရဲ့ မြို့တော် တာပါချူလာ မှာ စုဝေးခဲ့ကြပြီး ‘နောက်ထပ် ရွှေ့ပြောင်းသူတွေရဲ့ သွေးတွေ မကျစေရတော့ပါ’ စသဖြင့် ရေးထားတဲ့ စာတန်းတွေကို ကိုင်ဆောင်ထားပါတယ်။
လတ်တလောနှစ်တွေမှာ အမေရိကန်ကို ဝင်ရောက်ဖို့ မျှော်လင့်ထားသူတွေ ပါရှိတဲ့ လူအများအပြားဟာ အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ရောက်ရှိဖို့ ကြိုးပမ်းခဲ့ကြပြီး လုံခြုံရေးအတွက် အုပ်စုလိုက် ခရီးသွားခဲ့ကြပါတယ်။
အများစုဟာ လမ်းတလျှောက်မှာ လူစုခွဲခဲ့ကြပါတယ်။ တရားဝင်အချက်အလက်တွေအရ ရွှေ့ပြောင်းအခြေချသူ ထောင်ပေါင်းများစွာအတွက် မဖြစ်မနေဖြတ်သန်းရမယ့် တာပါချူလာမြို့ဟာ လတ်တလောလပိုင်းတွေမှာ မက္ကဆီကိုရဲ့ အကြမ်းဖက်မှု အများဆုံး မြို့တွေထဲမှ တမြို့ဖြစ်လာပြီး ရွှေ့ပြောင်းနေထိုင်သူများကို ရာဇ၀တ်ဂိုဏ်းတွေက ပစ်မှတ်ထားလေ့ရှိတယ်လို့ ဆိုပါတယ်။
Source: Reuters