ပါကစ္စတန်နိုင်ငံရဲ့ စီးပွားရေးအချက်အချာမြို့ ကရာချီမှာ နိုဝင်ဘာ ၅ ရက်က ပစ်ခတ်မှုဖြစ်ပြီး တရုတ်အမျိုးသား ၂ ယောက် သေနတ်ကျည်ဆန်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံသား ၂ ယောက် ပစ်ခတ်ခံရတယ်လို့ ရဲမှူးဖှိုင်ဇန်အလီက ပြောပေမဲ့ အသေးစိတ် အချက်အလက်တွေကို မပြောခဲ့ပါဘူး။ သူတို့ ၂ ယောက်ကို ကုသပေးနေပြီး တယောက်က အခြေအနေ ဆိုးရွားနေတယ်လို့ တောင်ပိုင်းဆိပ်ကမ်းမြို့က လီယာကတ် အမျိုးသားဆေးရုံရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တိုက်ခိုက်မှုနောက်ကွယ်မှာ ဘယ်သူ့မှာ တာဝန်ရှိတယ်၊ ဒါမှမဟုတ် စစ်သွေးကြွအကြမ်းဖက်မှု ရှိ၊ မရှိ စတဲ့ အချက်တွေကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
တရုတ်နိုင်ငံသားတွေက ဆက်တိုက် တိုက်ခိုက်ခံရပြီးတဲ့နောက် တရုတ်နိုင်ငံသားတွေအတွက် လုံခြုံရေးကို ပိုတင်းကျပ်တဲ့ လုံခြုံရေးအစီအမံတွေ ချမှတ်ဆောင်ရွက်ပေးဖို့ တရုတ်ပြည်မကြီးအစိုးရက တောင်းဆို လှုံ့ဆော်နေတဲ့ကြားက ခုလိုပစ်ခတ်ခံရတာပါ။
Source: Reuters