Home
နိုင်ငံတကာ
ပါကစ္စတန်တွင် လေထုညစ်ညမ်းမှု စံချိန်တင် မြင့်တက်
DVB
·
November 5, 2024
Photo: Reuters

ပါကစ္စတန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး လာဟိုးမြို့မှာ လေထုညစ်ညမ်းမှုအဆင့်ဟာ သမိုင်းဝင် မကြုံစဖူး မြင့်လာလို့ အပြင်းအထန် အရေးယူဆောင်ရွက်ပေးဖို့ လာဟိုးမြို့ခံတွေက အာဏာပိုင်တွေကို နိုဝင်ဘာ ၄ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။

ပါကစ္စတန်-အိန္ဒိယ နယ်စပ်နားမှာရှိတဲ့ လာဟိုးမြို့မှာ သမိုင်းတလျှောက် အမြင့်ဆုံး လေထုညစ်ညမ်းမှု ညွှန်းကိန်းအနေနဲ့ နိုဝင်ဘာ ၂ ရက်က ညွှန်းကိန်းအမှတ် ၁၉၀၀ အထိ ရောက်ခဲ့တယ်လို့ ပြည်နယ်အစိုးရနဲ့ ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေး စစ်ဆေး သတင်းထုတ်ပြန်တဲ့အဖွဲ့ IQAir က သတင်းထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာ့ လေထုညစ်ညမ်းမှု အမြင့်ဆုံးမြို့တွေ စာရင်းထဲမှာ ထိပ်ဆုံးကနေ ရပ်တည်ခဲ့ပါတယ်။

တုံ့ပြန်မှုအနေနဲ့ အာဏာပိုင်တွေက နိုဝင်ဘာ ၃ ရက်မှာ အရေးပေါ်အစီအမံတွေကို ထုတ်ပြန်ခဲ့ပါတယ်။

အစီအမံတွေထဲမှာ အိမ်ကနေ အလုပ်လုပ်ခွင့်နဲ့ မူလတန်းကျောင်းတွေကို ပိတ်ပစ်တာတွေလည်း ပါပါတယ်။

ဒါပေမဲ့ မြို့ထဲမှာ မီးခိုးမြူတွေ ထူနေသေးလို့ ဆောင်ရွက်ပေးမှု နည်းသေးတယ်ဆိုပြီး ဒေသခံတွေက မကျေမနပ် ဖြစ်နေကြတာပါ။

လာဟိုးမြို့က မီးခိုးမြူအကျပ်အတည်းဟာ အိန္ဒိယနိုင်ငံရဲ့ မြို့တော် ဒေလီက အခြေအနေနဲ့ ဆင်တူနေပါတယ်။

ဆောင်းရာသီ ဝင်လာချိန်မှာ အပူချိန်ပြောင်းလို့ မြေပြင်နဲ့ ပိုနီးကပ်လာတဲ့ လေထုထဲမှာ လေထုကို ညစ်ညမ်းစေတဲ့ အမှုန်တွေ၊ ဓာတ်ငွေ့တွေက ပိတ်မိနေတာ သဘာဝပါ။ ဒါကြောင့် အအေးပိုတဲ့ လတွေမှာ လေထုညစ်ညမ်းမှုက ပိုဆိုးလာလေ့ ရှိပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013