Home
နိုင်ငံတကာ
လေထုညစ်ညမ်းမှု ဆိုးရွားနေသည့် နယူးဒေလီ နှင့် မွမ်ဘိုင်းတွင် မြူဆိုင်း
DVB
·
November 4, 2024
Photo: Reuters

အိန္ဒိယနိုင်ငံမှာ လေထုအရည်အသွေး ဆိုးရွားနေပြီး  နိုဝင်ဘာ ၃ ရက် မနက်ခင်းမှာ နယူးဒေလီနဲ့ မွမ်ဘိုင်းလိုမြို့ကြီးတွေမှာ မြူဆိုင်းသလို ဖြစ်နေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

နိုင်ငံလုံးဆိုင်ရာ လေထုအရည်အသွေး အညွှန်းကိန်းအရ နယူးဒေလီနေရာ အများအပြားမှာ လေထုအရည်အသွေးဟာ ဆိုးဆိုးရွားရွား ညစ်ညမ်း (Severe) အဆင့် ရောက်နေပြီး မွမ်းဘိုင်မှာလည်း  လေထုအရည်အသွေး နိမ့်ကျတဲ့အဆင့် (poor) မှာရှိနေပါတယ်။ 

အိန္ဒိယမြို့ကြီးတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံး မြို့စာရင်းမှာ ထိပ်ဆုံးရောက်လာခဲ့ပါတယ်။

ဒီပဝါလီ ပွဲတော်ကာလအတွင်းမှာလည်း လေထုညစ်ညမ်းမှုက စံချိန်တင်တဲ့အတွက် မီးရှူးမီးပန်းဖောက်တာလို လေထုကို ညစ်ညမ်းစေတဲ့ ကိစ္စတွေကို မြို့တော်နယူးဒေလီမှာ တားမြစ်ခဲ့ရပါတယ်။ 

ယမုန်နာမြစ်ထဲမှာလည်း ရေထုညစ်ညမ်းလို့ ဖြစ်တဲ့ အမြှုပ်တွေနဲ့ လွှမ်းနေပါတယ်။ သက်ရှိတွေ ရှင်သန်ဖို့ရာ မဖြစ်နိုင်တော့တဲ့ အခြေအနေရောက်လာတဲ့အတွက် ဟိန္ဒူဘာသာဝင်တို့ အထွတ်အမြတ်ထားရာ မြစ်ကြီးယမုန်နာဟာ သေဆုံးသွားပြီလို့တောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်တွေက သုံးသပ်ထားပါတယ်။ 

မြို့ကြီးနှစ်မြို့စလုံးက အဆောက်အအုံတွေ၊ အထိမ်းအမှတ်တွေကို မြူထူထူ ခြုံလွှမ်းထားသလို ဖြစ်နေပြီး သမိုင်းဝင် တာ့ဂျ်မဟာ ဗိမာန်ကို  ဝိုးတဝါးသာ မြင်တွေ့နိုင်တော့တာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013