Home
နိုင်ငံတကာ
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် မီးခိုးမြူများကြောင့် လေထုညစ်ညမ်းနေ
DVB
·
October 30, 2024
Photo - Reuters

ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာ ပျံ့နှံ့နေတဲ့ မီးခိုးမြူတွေကြောင့် လေထုညစ်ညမ်းပြီး အစိုးရတာဝန်ရှိသူတွေက အောက်တိုဘာ ၂၈ ရက်မှာ ကျောင်းတက်ချိန်တွေကို ပြန်ပြင်ဆင်ခဲ့ရသလို လာမယ့်နှစ် ဇန်နဝါရီလအထိ ကျောင်းပြင်ပ ကျောင်းသားလှုပ်ရှားမှုတွေကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

ပြည်နယ်မြို့တော် လာဟိုးက တနင်္လာနေ့မှာ ကမ္ဘာ့လေထုညစ်ညမ်းမှုဇယားမှာ ထိပ်ဆုံးကနေ ရပ်တည်နေပြီး၊ မနက်၁၀နာရီဝန်းကျင်မှာ လေထုအရည်အသွေး အညွှန်းကိန်း (AQI)က 507ထိ ရောက်သွားခဲ့ပါတယ်။

ဒီလေထုအရည်အသွေးအဆင့်ကို ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေး စောင့်ကြည့်ရေးအဖွဲ့ IQAir က အန္တရာယ်ရှိတဲ့ အဆင့်အဖြစ် အမျိုးအစား ခွဲခြားသတ်မှတ် ထားပါတယ်။

အိန္ဒိယနိုင်ငံ အမ်ရစ်စာပြည်နယ်ကနေ လွင့်လာတဲ့ မီးခိုးမြူတွေကြောင့် လေထုဖိအားတွေ မြင့်တက်လာတာကို ကိုးကားပြီး ပန်ဂျပ်ပြည်နယ် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဌာနက အောက်တိုဘာ ၂၅ ရက်မှာ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

၂၄ နာရီ ပျမ်းမျှ လေထုအရည်အသွေး အညွှန်းကိန်းမှာ စိုးရိမ်ဖွယ်ရာ အဆင့်တိုးလာတယ်လို့ အဲဒီဌာနက အစီရင်ခံတင်ပြခဲ့ပြီး ထိခိုက်လွယ်တဲ့သူတွေ အထူးသဖြင့် ကလေးငယ်တွေအတွက် ကျန်းမာရေးအန္တရာယ်တွေ ရှိလာခဲ့တာပါ။

ကျောင်းတက်ချိန်တွေကို ပြောင်းဖို့နဲ့ ပြင်ပလှုပ်ရှားမှုတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ချက်ဟာ အန္တရာယ်ရှိတဲ့ လေထုအရည်အသွေးကို ထိတွေ့မှုနည်းစေဖို့ ရည်ရွယ်ထားပါတယ်။

ပြန်ပြင်ဆင်ထားတဲ့ ကျောင်း အချိန်ဇယားဟာ ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်အထိ ဒါမှမဟုတ် နောက်ထပ်သတိပေးချက် မထုတ်ပြန်ခင်အထိ ဆက်လက်အသက်ဝင်မှာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013