Home
နိုင်ငံတကာ
တရုတ်စီမံကိန်းများအတွက် ပါကစ္စတန် လုံခြုံရေးတိုးမြှင့်
DVB
·
October 16, 2024
Photo-CCTV

တရုတ်ဝန်ကြီးချုပ် လီချန်ဟာ ပါကစ္စတန်တပ်မတော် ပူးတွဲစစ်ဦးစီးချုပ်များကော်မတီ ဥက္ကဋ္ဌ ဆာဟီးယား ရှမ်ရှဒ် မီယာဇာနဲ့ စစ်ဦးစီးချုပ် အာဆင်မ် မူနီယာတို့ အပါအဝင် ပါကစ္စတန် စစ်ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံထဲက တရုတ်စီမံကိန်းတွေနဲ့ ပါဝင်ပတ်သက်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေ ဒီနှစ်ထဲမှာ ခပ်စိတ်စိတ် ပေါ်ပေါက်ခဲ့အပြီး တရုတ်ဝန်ကြီးချုပ်ရဲ့ ခရီးစဉ် ပေါ်ပေါက်ခဲ့တာပါ။

ပါကစ္စတန်နိုင်ငံတွင်း စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုတွေ တိုးမြင့်လာပြီးတဲ့နောက် လုံခြုံရေးအစီအမံတွေ အရေးပေါ်ဆောင်ရွက်ဖို့ တရုတ်ပြည်မကြီးအစိုးရက တောင်းဆိုခဲ့ပြီးနောက် ပါကစ္စတန်က တရုတ်ပြည်သူတွေနဲ့ စီမံကိန်းတွေအတွက် လုံခြုံရေးကို တိုးမြှင့်ဖို့ သဘောတူခဲ့တယ်လို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်က ခေတ်သစ်ပိုးလမ်းစီမံကိန်းကြီးအောက်မှာ အခြေခံအဆောက်အအုံတွေကို နှစ်ပေါင်းများစွာအတွင်း တည်ဆောက်ရင်း ပါကစ္စတန်နိုင်ငံထဲမှာ ဒေါ်လာဘီလီယံပေါင်း များစွာ သုံးစွဲခဲ့တာပါ။

နိုင်ငံတွင်း မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းတခုနဲ့ အဓိကသတ္တုတွင်းတခုကိုလည်း လုပ်ငန်းလည်ပတ်နေပါတယ်။

ဒါပေမဲ့ တွင်းထွက်သတ္တုကြွယ်ဝတဲ့ ပါကစ္စတန် အနောက်တောင်ပိုင်း ဘာလူချီစတန် ပြည်နယ်မှာ အမြတ်ထုတ်နေတာလို့ ပြောရင်း တရုတ်နိုင်ငံသားတွေနဲ့ စီမံကိန်းတွေကို ခွဲထွက်ရေး စစ်သွေးကြွတွေက ဆက်တိုက်ဆိုသလို တိုက်ခိုက်နေခဲ့ပါတယ်။

ပူးပေါင်းဆောင်ရွက်မှုအတွက် ဘေးကင်းလုံခြုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးဖို့ ပါကစ္စတန်မှာ ပစ်မှတ်ထားတဲ့ လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ပေးဖို့ အရေးတကြီး လိုအပ်တယ်လို့ တရုတ်ဘက်က အလေးပေးပြောခဲ့တယ်လို့ တရုတ်ဝန်ကြီးချုပ် လီချန်ရဲ့ ခရီးစဉ်အတွင်း ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024