တရုတ်ဝန်ကြီးချုပ် လီချန်ဟာ ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းကို အောက်တိုဘာ ၁၂ ရက်က ၃ ရက်ကြာ ခရီးစဉ် ရောက်လာပြီး ဗီယက်နမ်သမ္မတ တိုလမ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
လီရဲ့ ဟနွိုင်း ခရီးစဉ်အတွင်း တရုတ်နဲ့ ဗီယက်နမ်တို့ကြား ရထားလမ်း ချိတ်ဆက်ရေး၊ စိုက်ပျိုးရေးနဲ့ ကုန်သွယ်မှုတိုးမြှင့်ရေး သဘောတူစာချုပ်တွေ အပါအဝင် သဘောတူညီချက် အသစ်တွေကို လက်မှတ်ထိုးဖို့ မျှော်လင့်ထားတယ်လို့ ဒီအစီအစဉ်နဲ့ပတ်သက်တဲ့ သတင်းရင်းမြစ် ၂ ဦးက ပြောပါတယ်။
တရုတ်နဲ့ ဗီယက်နမ်ဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေ နှောင်းပိုင်းမှာ နယ်နိမိတ်စစ်ပွဲဖြစ်ပွားပြီး တောင်တရုတ်ပင်လယ်အတွင်း နယ်နိမိတ်မျဉ်းနဲ့ပတ်သက်လို့ ခဏခဏ ထိပ်တိုက်တွေ့နေကြဆဲ ဖြစ်ပါတယ်။
အိမ်နီးချင်း နှစ်နိုင်ငံကြား မယုံကြည်မှုတွေက ရထားလမ်းဆက်သွယ်မှုဆိုင်ရာ တိုးတက်မှုကို ကာလအတန်ကြာ ဟန့်တားထားပေမယ့် မကြာသေးမီလတွေအတွင်း စီးပွားရေးဆိုင်ရာ ထည့်သွင်းစဉ်းစားချက်တွေက လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေအပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။
လီဟာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာရွက်စာတမ်းတွေ လက်မှတ်ရေးထိုးတဲ့ အခမ်းအနားကို မတက်ရောက်ခင် ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး ဖမ်မင်ချင်းနဲ့ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းမှာတွေ့မယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန အချိန်ဇယားကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။
Source-Reuters