တိုင်ဖွန်းမုန်တိုင်းယာဂီကြောင့် ခန့်မှန်းခြေ ဒေါ်လာ ၃ ဒသမ ၃၁ ဘီလီယံဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဗီယက်နမ်အခြေစိုက်မီဒီယာတွေက ကြေညာခဲ့ပါတယ်။
တိုင်ဖွန်းမုန်တိုင်းကြောင့် လူပေါင်း ၂၉၉ ယောက်သေဆုံးခဲ့ကာ ၃၄ ယောက် ပျောက်ဆုံးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားပို့ကုန်တွေ၊ ပြည်တွင်းလုပ်ငန်းအပါအဝင် လယ်ယာ၊ အိမ်၊ တံတားတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
“စုစုပေါင်း ပျက်စီးမှုတန်ဖိုးက ဒေါင်ငွေနဲ့ ၈၁ ဒသမ ၅ ထရီလီယံရှိပါတယ်။ မြေပြိုမှုနဲ့ ရေကြီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှု ပိုများခဲ့တာပါ”လို့ ဗီယက်နမ် မီဒီယာတခုက ပြောပါတယ်။
စိုက်ပျိုးရေးဝန်ကြီးက ပြည်သူတွေကို ကူညီဖို့ အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။ လက်ရှိအချိန်မှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ ထိခိုက်မှုအများဆုံး ဖြစ်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ဝက်မွေးမြူရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ ဝက်မွေးမြူနေရေးအတွက် ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။
ကြာသပတေးနေ့ကတော့ ဗီယက်နမ်ဘဏ်တွေကို ကြွေးမြီတွေ လျှော့ပေါ့ပေးဖို့ ဗဟိုဘဏ်က အမိန့်ထုတ်ခဲ့ပါတယ်။
ယာဂီမုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံအတွက် နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွား ဆုံးမုန်တိုင်းဖြစ်ခဲ့ပြီး ရေကြီး မြေပြိုတာတွေ ဖြစ်ပွားခဲ့ပါတယ်။
ယာဂီမုန်တိုင်း ဝင်ပြီးနောက် ဟနွိုင်းမြို့မှာ အပင် ၄၀၀၀၀ ကျော် လဲကျခဲ့တယ်လို့လည်း ဒေသခံတွေက ဖော်ပြပါတယ်။
ယာဂီမုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံမှာ အိမ်ပေါင်း ၂၄၁၀၀၀ ပျက်စီးစေခဲ့ကာ နိုင်ငံပေါင်း ၈ နိုင်ငံကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
Source-Reuters