အာရှတိုက်မှာ အပြင်းထန်ဆုံး တိုင်ဖွန်းဖြစ်တဲ့ ယာဂီမုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့လို့ အနည်းဆုံး လူ ၁၇၉ ယောက် သေဆုံးခဲ့တဲ့အပြင် ပြင်းထန်တဲ့ ရေကြီးမြေပြိုမှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် စက်တင်ဘာ ၁၂ ရက်မှာတော့ ရေကြီးမှုဒဏ် ခံနေရတဲ့ တချို့မြို့ရွာတွေမှာ ရေကြီးရေလျှံမှုတွေ ပြန်လည်ကျဆင်းသွားခဲ့ပြီး သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။
အစိုးရရဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပျောက်ဆုံးသူ ၁၄၅ ယောက်ထိ ရှိနေပြီး လူ ၈၀၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဟနွိုင်းမြောက်ပိုင်းမှာ လူအသေအပျောက်များတဲ့ မြေပြိုမှုတွေနဲ့ ပြင်းထန်တဲ့ ရေလွှမ်းမိုးမှုတွေဟာ ဒေသအများအပြားကို သက်ရောက်မှုရှိနေဆဲဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
တိုင်ဖွန်း ယာဂီကြောင့် ဗီယက်နမ်မြောက်ပိုင်းတခွင်ရှိ စပါးနဲ့ ငွေဖြစ်လွယ်တဲ့ သီးနှံစိုက်ခင်း ဟက်တာပေါင်း ၂ သိန်းကျော် ရေနစ်မြုပ်ခဲ့ကြောင်းလည်း သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက ပြောပါတယ်။
ဟနွိုင်းရှိ စာသင်ကျောင်းတချို့ဟာ ကျောင်းသားတွေကို သီတင်းပတ်ကုန်အထိ အိမ်မှာပဲနေကြဖို့ ပြောကြားထားပြီး အနိမ့်ပိုင်းဒေသတွေမှာ နေထိုင်သူ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကြောင်း အစိုးရနဲ့ နိုင်ငံပိုင်မီဒီယာတွေက ပြောပါတယ်။
Source-Reuters