Home
နိုင်ငံတကာ
ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့အဖြစ် စာရင်းဝင်
DVB
·
October 24, 2024
Photo-Reuters

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့ဟာ အောက်တိုဘာ ၂၃ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ လေထုအရည်အသွေး အညွှန်းကိန်း ၂၉၁ ထိ ရောက်ခဲ့လို့ ကမ္ဘာ့အညစ်ညမ်းဆုံးမြို့တွေ စာရင်းထဲမှာ ပထမအဆင့်အဖြစ် ရပ်တည်ခဲ့ပါတယ်။

လေထုအရည်အသွေး အမျိုးအစားခွဲခြားတဲ့ ဆွစ်ဇာလန်အုပ်စု IQAir က လာဟိုးမြို့ရဲ့ လေထု အရည်အသွေးဟာ အန္တရာယ်ရှိတဲ့အဆင့်လို့ ဆိုပါတယ်။ အောက်တိုဘာ ၂၃ ရက် မနက်မှာ မီးခိုးမြူတွေ ထူထူထပ်ထပ် ဖုံးလွှမ်းသွားခဲ့တာပါ။ 

အစိုးရက ကြိုးပမ်းဆောင်ရွက်ချက်တွေ ဆက်မလုပ်ရင် လေထုညစ်ညမ်းမှုအဆင့်က ပိုမိုဆိုးရွားလာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အေဂျင်စီက ထိပ်တန်းအရာရှိ အမ်ရမ် ဟာမစ်ဒ် ရှိတ်က ပြောပါတယ်။

ဆောင်းရာသီရောက်လာလို့ နိုဝင်ဘာကနေ ဒီဇင်ဘာလလယ်အထိ နိုင်ငံတွင်းမှာ မြူမှိုင်းတွေနဲ့ မီးခိုးမြူတွေ ဖြစ်ပေါ်တာလို့ ပါကစ္စတန် မိုးလေဝသဌာနက အောက်တိုဘာ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အပူချိန်ပြောင်းလို့ မြေပြင်နဲ့ ပိုနီးတဲ့ လေထုထဲမှာ လေထုကို ညစ်ညမ်းစေတဲ့ ပစ္စည်းတွေ စုမိ ပိတ်မိနေတတ်လို့ ပိုအေးတဲ့လတွေမှာ လေထုအရည်အသွေး ပိုဆိုးလာတာပါ။

လာဟိုးမြို့နဲ့ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီဟာလည်း ကမ္ဘာပေါ်မှာ အညစ်ညမ်းဆုံးမြို့တွေထဲက တမြို့ပါ။

လာဟိုးမြို့ဟာ ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး လေထုညစ်ညမ်းမှုကို တိုက်ဖျက်ဖို့ အိန္ဒိယနဲ့အတူ ရာသီဥတုဆိုင်ရာ သံတမန်ရေးရာ ဖြေရှင်းကြဖို့ ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်က တောင်းဆိုထားပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024