ယူကရိန်းနိုင်ငံ၊ ခါခိဗ်မြို့ရဲ့ ရှက်ချန်းကစ်ဗ်စကီခရိုင်ထဲက စူပါမားကက်တခုကို နိုဝင်ဘာ ၃ ရက်က ရုရှားပဲ့ထိန်းဗုံးတလုံး ထိမှန်ခဲ့ပြီး လူ ၅ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ခါခိဗ်ဒေသ အုပ်ချုပ်ရေးမှူး အိုလာဆယ်ညီးဟူဘိုက ပြောပါတယ်။
ဧရိယာရဲ့ ဗီဒီယိုဖိုင်နဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို တိုက်ဆိုင်စစ်ဆေးတဲ့အခါ အဆောက်အဦတွေရဲ့ လမ်းအပြင်အဆင်၊ အကြမ်းဖျဉ်း အနေအထားနဲ့ ဒီဇိုင်းတို့ကြောင့် တည်နေရာကို သီးခြားအတည်ပြုနိုင်ခဲ့ပါတယ်။
အစိုးရနဲ့ အရေးပေါ်ဝန်ဆောင်မှု အစီရင်ခံချက်တွေအရ ရက်စွဲကို ရိုက်တာသတင်းဌာနက အတည်ပြုနိုင်ခဲ့ပါတယ်။
မြို့တော်ဝန် အီဟိုးတယ်ရယ်ခို့ဗ်က အဲဒီစူပါမားကက်ဟာ လူနေအိမ်တွေနားမှာ ရှိတယ်လို့ ပြောပါတယ်။
အစောပိုင်းက လေကြောင်းတိုက်ခိုက်မှုကတော့ မြို့တော်ရဲ့ သစ်တောဧရိယာကို ထိမှန်ခဲ့တယ်လို့ သူကပြောပါတယ်။
ဩဂုတ်လကတည်းက ရုရှားက ယူကရိန်းကို တိုက်ခိုက်မှုတွေ ပြင်းထန်လာခဲ့ပြီး ဆောင်းရာသီမှာ အပူပေးဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေကို ဖျက်ဆီးဖို့ ရုရှားအစိုးရက ကြိုးပမ်းနေတယ်လို့ ယူကရိန်းအစိုးရ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
Source : Reuters