ယူကရိန်းမြို့တော် ကိယက်ဗ်ကို ရုရှားက မောင်းသူမဲ့လေယာဉ်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်ခဲ့ပြီး မြို့ရဲ့ လမ်းတွေ၊ ဓာတ်အားလိုင်းတွေနဲ့ အဆောက်အအုံများအပြား ပျက်စီးခဲ့သလို လူ ၁ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မြို့တော်တာဝန်ရှိသူတွေက နိုဝင်ဘာ ၂ ရက်မှာ ပြောပါတယ်။
ပစ်ချခံရတဲ့ ဒရုန်းတွေက အပျက်အစီးတွေက မြို့တော်တွင်း ခရိုင် ၆ ခုပေါ် ကျရောက် ထိမှန်ခဲ့တာပါ။
ဒါကြောင့် ရဲအရာရှိတယောက် ဒဏ်ရာရပြီး လူနေအဆောက်အအုံတွေ ပျက်စီးတဲ့အပြင် မီးလောင်မှု ဖြစ်ခဲ့တယ်လို့ မြို့တော် စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ဆာရ်ဟီး ပေါ့ပ်ကိုက ပြောပါတယ်။
ကိယက်ဗ်မြို့တော်ကို ရည်ရွယ်တဲ့ ဒရုန်းအားလုံး ပစ်ချခံခဲ့ရပေမယ့် လက်ရှိ မြို့အပြင်ဘက် လေပိုင်နက်မှာရှိနေတဲ့ တခြားဒရုန်းတွေက မြို့တော်ဘက်ကို လှည့်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
၅ နာရီကျော်ကြာ လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တခုအတွင်း မြို့တွင်းနဲ့ အနီးတဝိုက်မှာ ပေါက်ကွဲသံတွေကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်တွေက အစီရင်ခံခဲ့ပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ အိမ်နီးချင်းနိုင်ငံ ယူကရိန်းဆီက ကျူးကျော်ဝင်ရောက်လာချိန်ကစပြီး စစ်ပွဲဖြစ်ခဲ့တာပါ။
Source: Reuters