ဆာလာရဲ့အနာဂတ်ကိစ္စအပေါ် မစဉ်းစားနိုင်သေးဘူးလို့ လီဗာပူးနည်းပြ အာနဲစလော့ က ပြောသွားပါတယ်။
ဆာလာဟာအခုနှစ်ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်းကုန် ဆုံးတော့မှာပါ။ ဘရိုက်တန် ကို အနိုင်ရတဲ့ပွဲစဉ်မှာ ဆာလာက အနိုင်ဂိုးသွင်းယူခဲ့ပြီး ဘယ်လိုကိစ္စတွေပဲရှိသည်ဖြစ်စေ အန်ဖီးလ်မှာသွင်းတဲ့ဂိုးတိုင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ကြောင်း ဆိုရှယ်မီဒီယာမှာ ဆာလာက ရေးသားခဲ့တာပါ။
အဲဒီလိုရေးသားမှုအပေါ် ဆိုရှယ်မီဒီယာက အကြောင်းအရာဖြစ်လို စဉ်းစားနေမှာမဟုတ်ကြောင်းနဲ့ ဆာလာဟာ လီဗာပူးမှာ ဆက်ရှိနေသမျှ ကောင်းမွန်တဲ့ အချိန်တွေကိုဖန်တီးနိုင်မယ့်သူလို နည်းပြစလော့က ပြောပါတယ်။
ဆာလာဟာ အခုနှစ် ရာသီအကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမှာကိုလည်း သိရှိထားပြီး လက်ရှိပွဲစဉ်တွေအပေါ်မှာပဲ အာရုံစိုက်ထားကြောင်း နည်းပြအာနဲစလော့က ပြောသွားပါတယ်။
Photo : Reuters