Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး ဒဏ်ရာရ
DVB
·
November 4, 2024

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်တာကြောင့် အရပ်သားတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၄ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ဘန်းပြည့်ကျေးရွာနဲ့ ကိုးအင်းကျေးရွာကို စစ်ကောင်စီဘက်က K 8W ဂျက်ဖိုက်တာနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကိုးအင်းရွာခံ မျက်မြင်တွေ့ရှိသူတယောက်က “အိမ်နားဝန်းကျင် ဗုံးသီး ၄ လုံး ပစ်ချလိုက်တာ။ ကွမ်းပင်အဖျားမှာထိတဲ့တလုံးက သားငယ်ကို ထိသွားတာပေါ့။ ကွမ်းပင်တွေဆို ကျွတ်ကုန်တယ်။ အိမ်ကအမိုးတွေ ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

ဘန်းပြည့်ကျေးရွာမှာတော့ စစ်ကောင်စီဘက်က လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံးသီး ၂ လုံးချခဲ့ပြီး ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ထိခိုက်ဒဏ်ရာတဲ့ အသက် ၃၀ ဝန်းကျင် ကိုးအင်းရွာခံ အမျိုးသားမှာတော့ ခြေချင်းဝတ်မှာ ဗုံးသီးစထိမှန်ပြီး ထိခိုက်ဒဏ်ရာရကာ PDF စိုးမိုးနယ်မြေရဲ့ ဆေးခန်းတခုမှာပဲ ဆေးဝါးကုသမှု ခံယူနေရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024