ရေဘေးသင့်ဒေသရှိ ပြည်သူတွေကို လာရောက်အားပေးတဲ့ စပိန်ဘုရင်ဖိလစ်နဲ့ မိဖုရား လက်တီဇီယာ တို့ဟာ ဗလန်စီယာပြည်နယ် ပိုင်ပေါ်တာမြို့မှာ ဆန္ဒပြသူတွေရဲ့ ရွှံ့တွေနဲ့ ပစ်ပေါက်တာကို ခံခဲ့ရပါတယ်။
စပိန်ဘုရင်နဲ့ မိဘုရားဟာ နိုဝင်ဘာ ၃ ရက် က လူအုပ်ကြားမှာ လမ်းလျှောက်လာချိန်မှာ ရွှံ့တွေနဲ့ ပစ်ပေါက် ခံခဲ့ရတာဖြစ်ပြီး မြင်းစီးရဲတွေက ကာကွယ်ပေးခဲ့ရပါတယ်။
ဆန္ဒပြသူတွေက ဝန်းရံခဲ့ကြပြီး ဆန္ဒပြသူ တယောက်က "အကူအညီ လိုနေပြီ" လို့ ပြောပါတယ်။
ဗလန်စီယာပြည်နယ်အတွင်း ရေလွှမ်းမိုးမှုဒဏ်ခံရတဲ့ ဒေသတွေဆီ အကူအညီတွေ ထပ်ပေးပို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
စပိန်နိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး လျှပ်တပြက် ရေကြီးမှုကြောင့် သေဆုံးသူဦးရေဟာ တနင်္ဂနွေနေ့မှာ ၂၁၇ ယောက်အထိ မြင့်တက်လာခဲ့ပြီး ပိုင်ပေါ်တာမြို့တမြို့တည်းမှာ လူ ၆၀ ကျော် သေဆုံးခဲ့ပါတယ်။
ဗလင်စီယာ အရှေ့ပိုင်းဒေသမှာ မိုးသဲကြီးမဲကြီး ရွာသွန်းပြီး ၄ ရက် အကြာမှာ ပျောက်နေတဲ့ ဒါဇင်နဲ့ချီတဲ့ လူတွေကို စာရင်းထဲမှာ ထည့်မတွက်ရသေးပါဘူး။
ပေါ်တူဂီမှာ လူပေါင်း ၅၀၀ ထက်မနည်း သေဆုံးခဲ့ရတဲ့ ၁၉၆၇ ခုနှစ် နောက်ပိုင်းမှာ အခုစပိန်ရေဘေးဟာ ဥရောပရဲ့ အဆိုးရွားဆုံး ရေဘေးနဲ့ ဆက်နွှယ်တဲ့ ကပ်ဘေး ဖြစ်ပါတယ်။
Source: Reuters