စပိန်နိုင်ငံ ကာနာရီကျွန်းပေါ်က စန်တာခရုဇ်ဒေတေနေရီဖေမြို့ရဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေ အောက်တိုဘာ ၂၇ ရက်က စုရုံးခဲ့ကြပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်တာကို ဆန့်ကျင်ကြောင်း ကြွေးကြော်ရင်း ချီတက်ခဲ့ပါတယ်။
ဇန်နဝါရီလကနေ အောက်တိုဘာ ၁၅ ရက်ကြားမှာ ရွှေ့ပြောင်းနေထိုင်သူ အယောက် ၃၂,၀၀၀ ကျော်ဟာ အနောက်အာဖရိကကနေ ကာတာရီကျွန်းစုတွေပေါ်ကို လှေတွေနဲ့ ရောက်လာခဲ့တယ်လို့ အစိုးရ ကိန်းဂဏန်းတွေက ဆိုပါတယ်။
ဒါဟာ မနှစ်က အလားတူအချိန်မှာ ရောက်လာတဲ့ လူဦးရေထက် ၃၉ ဒသမ ၇ ရာခိုင်နှုန်း ပိုများနေတာပါ။
ကာနာရီကျွန်းစုတွေဆီ အတ္တလန္တိတ် သမုဒ္ဒရာဖြတ်ကျော် လာရောက်တဲ့ လမ်းကြောင်းမှာ လတ်တလောနှစ်တွေအတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု အမြန်ဆုံး တိုးလာနေပါတယ်။
မြေထဲပင်လယ် အလယ်ပိုင်းကို ဖြတ်ပြီး အီတလီနိုင်ငံဆီသွားတဲ့ လမ်းကြောင်းကနေ ဝင်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ ဦးရေထက် စာရင်တော့ အရင်ကလိုပဲ ဆက်ပြီး နည်းနေပါသေးတယ်။
စပိန်နိုင်ငံရဲ့ တခြားအစိတ်အပိုင်းတွေမှာလိုပဲ ကာနာရီကျွန်းပေါ်က ဒေသခံတွေဟာ ခရီးသွားလုပ်ငန်း အလွန်အကျွံ ဖွံ့ဖြိုးတာကို လတ်တလောမှာ ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်တွေမှာ ပူးပေါင်း ပါဝင်နေကြပါတယ်။
ခရီးသွားလုပ်ငန်းက ဒေသခံတွေအပေါ် အဖျက်သဘော သက်ရောက်နေတယ်လို့ သူတို့က ရှုမြင်ထားကြပါတယ်။
Source-Reuters