Home
မြန်မာသတင်း
တော်လှန်ညီနောင် ၄ ဖွဲ့က “Justice lady” အမည်ဖြင့် ဆန္ဒပြ
DVB
·
November 1, 2024
Photo-ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့

အနိုင်ကျင့် သတ်ဖြတ်ခံနေရတဲ့ မြန်မာနိုင်ငံက ပြည်သူပြည်သားတွေ ပြည်သူ့တရားစီရင်ဖို့ Justice Lady အမည်နဲ့ အောက်တိုဘာ ၃၁ ရက်မှာ ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ဖြစ်တဲ့ Owl Community၊ LinnYaungNi Youth Organization (LYNYO)၊ Mayangone Democratic Front (MDF)၊ Kyimyindaing Networks (KMD18) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ဒီဆန္ဒထုတ်ဖော်ပွဲမှာ မြေကျွင်းထဲက သွေးစွန်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပုံ၊ တရုတ်အလံပုံ၊ Miss Myanmar ပြိုင်ပွဲပုံ၊ လူအရိုးခေါင်းပေါ် ဖယောင်းတိုင်ထွန်းထားတဲ့ သရုပ်ဖော်မှုနဲ့အတူ Miss သရဖူဆောင်းပြီး အဝါရောင်ထမီရင်လျား ဝတ်ဆင်ထားတဲ့ အမျိုးသမီးပုံတွေနဲ့အတူ သရုပ်ဖော်ထားတာ တွေ့ရပါတယ်။

ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ရဲ့ သတင်းပြန်ကြားတာဝန်ခံက “ရည်ရွယ်ချက်က အကြမ်းဖက် လူသတ်သမား မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို စီရင်မယ်ဆိုတာ ပြသရန်အတွက်၊ အကြမ်းဖက် လူသတ်အားပေးတဲ့ တရုတ်သည် ပူးတွဲတရားခံအဖြစ် စီရင်ခံရမယ်ဆိုတာ ပြသရန်အတွက်၊ မြန်မာနိုင်ငံ မြန်မာပြည်ကို ကိုယ်စားပြုတဲ့ Crown သည် မြန်မာပြည်သူ/သားတွေအတွက် တရားမျှတမှု ‘JUSTICE’ ဆိုတာ ပြသရန်အတွက် (justice for Myanmar) အတွက်ပါ” လို့ ပြောပါတယ်။

ဒါ့အပြင် “ဟေ့ လူ့မိစ္ဆာတို့...၊ မြန်မာပြည်အဝန်းက ပြည်သူ ပြည်သားတွေကို အနိုင်ကျင့်၊ ဗိုလ်ကျ၊ နှိပ်စက် သတ်ဖြတ်၊ ရက်စက်ကြမ်းကြုတ်မှု လုပ်ရပ်တွေအားလုံးအတွက် သွေးကြွေးနဲ့ တရားမျှတမှု ပြန်ယူမယ်။ နင်တို့ကို တရားစီရင်ဖို့ ငါလာပြီ။ စစ်ကောင်စီအဖွဲ့ ရပ်တည်နိုင်အောင်၊ ဆက်ယုတ်မာနိုင်အောင် အားပေးနေတဲ့နိုင်ငံလည်း ပူးတွဲတရားခံငရဲပဲ၊ ဒီအချိန်မှာ ငါတို့နိုင်ငံသားတွေကို ကိုယ်စားပြုတာ အရာရာတရားမျှတမှုပဲ” ပြည်သူ့တရားစီရင်ဖို့ ‘Justice Lady’ လို့ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှာ ပြည်သူတွေ ခေါင်းဖြတ်အသတ်ခံထားရတာကို ထုတ်ဖော်ရပ်တည်ထားပြီး “တရားတဲ့သူသာ နိုင်စေရမယ်”၊ “ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်မယ်”၊ အရေးတော်ပုံ အောင်ကို အောင်ရမည်၊ ဘုတလင်နဲ့အတူ၊ ပြည်သူနဲ့အတူလို့ ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013