အစ္စရေးစစ်တပ်ဟာ ဂါဇာတောင်ပိုင်း ခန်ယိုးနစ်စ်မှာ ဟားမတ်စ်အကြီးတန်းအရာရှိ အစ်ဇဲလ်ဒင်န် ကက်ဆဘ် သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှု ဆိုပြီး ပြသထားတဲ့ ဗီဒီယိုကို နိုဝင်ဘာ ၁ ရက် မှာ ထုတ်ပြန်ခဲ့ပါတယ်။
ရိုက်တာကတော့ ဗီဒီယိုရဲ့ တည်နေရာနဲ့ ရက်စွဲကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ကက်ဆဘ်ဟာ ဂါဇာရှိ တခြားအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရာမှာ တာဝန်ရှိတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ အဆင့်မြင့်အဖွဲ့ဝင်တွေထဲမှ တဦးဖြစ်တယ် လို့ အစ္စရေးက ဖော်ပြပါတယ်။
ပါလက်စတိုင်းအသိုက်အဝန်းရှိ ဆေးပညာရှင်တွေ ပြောကြားချက်အရ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၆၈ ဦး သေဆုံးခဲ့တာကြောင့် သောကြာနေ့မှာ အစ္စရေးနဲ့ သူ့ရန်သူတော်တွေဖြစ်တဲ့ ဟားမတ်စ်နဲ့ဟစ်ဇ်ဘိုလာတို့ အကြားက အပစ်အခတ် ရပ်စဲရေး အလားအလာမှာ တိုးတက်မှု မရှိ တန့်နေတယ် လို့ ဆိုပါတယ်။
Source:Reuters