ဧရာဝတီတိုင်းမှာ တရားမဝင်ကုန်ပစ္စည်းတွေ မရောင်းချစေဖို့ ဓာတ်မြေသြဇာအရောင်းဆိုင် တွေကို စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်ဆေးသတိပေးနေတယ်လို့ ဒေသခံ တွေဆီက သိရပါတယ်။
ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ မြောင်းမြ၊ ကျုံပျော်၊ မအူပင် စတဲ့ မြို့နယ်တွေမှာ အောက် တိုဘာ ၃၁ ရက်ကစပြီး ပူးပေါင်းအဖွဲ့တွေက လိုက်လံစစ်ဆေး သတိပေးနေတာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတယာက်က ပြောပါတယ်။
“အဓိကကတော့ တရားမဝင် ကုန်စည်တွေမရောင်း ချစေဖို့ လုပ်တာပေါ။ စစ်ဆေးအသိပေးပြီး တဲ့နောက် အခုလိုဖြစ်စဉ်တွေ ထပ်ရှိလာရင် ဖမ်းဆီးအရေးယူမယ်လို့ သိရတယ်။”
စစ်ဆေးသတိပေးတဲ့အဖွဲ့မှာ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာန၊စားသုံးသူရေးရာဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ စတဲ့ ဦးစီးဌာနနဲ့ မြို့နယ်အဆင့် တာဝန်ရှိသူတွေပါတဲ့အဖွဲ့က စစ်ဆေးသတိပေးနေတာလို့ သိရပါတယ်။
မအူပင်မြို့က ဓာတ်မြေသြဇာရောင်းဝယ်ရေးလုပ်ငန်းရှင် တယောက်က “တရားမဝင် ကုန်စည်တွေ မရောင်းချဖို့ဆိုပြီး စစ်သွားတယ်။ မြေသြဇာတွေကို ဘယ်က တင်သွင်းလည်း ဘယ်ဆိုင်ခွဲက တင်သွင်းတယ်ဆိုတာတွေ မေးတာ။လက်ရှိ ရောင်းနေတဲ့ ဓာတ်မြေသြဇာတွေ ဈေးမကစားဖို့ လည်း ပြောသွားတယ်။”လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ အခုလို ဓာတ်မြေသြဇာ ရောင်းတဲ့ဆိုင်တွေကို သတိပေး စစ်ဆေးတာဟာ အောက်တိုဘာလက ဒုတပ်ချုပ် စိုးဝင်း အစည်းအဝေးလုပ်ပြီး တရားမဝင်ကုန်စည်တွေ တင်သွင်း ရောင်းချတာ မရှိစေဖို့ ပြောဆိုပြီးနောက် စစ်ဆေးနေတာလို့ ဆိုပါတယ်။