Home
မြန်မာသတင်း
ဆောမြို့နယ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ လုံး ပျက်စီး
DVB
·
November 1, 2024
Photo-ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၀င်တဦး

မကွေးတိုင်း၊ ဆောမြို့နယ်က ကံချောင်းရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၃၀ ရက် ည ၁၂ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် ၁၂ နှစ်အရွယ် ကလေးတယောက် အပါအဝင် ဒေသခံ ၄ ယောက် ဒဏ်ရာရခဲ့သလို နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

အဖွဲ့ပြောရေးဆိုခွင့်ရှိသူတယောက်က “ကံချောင်းရွာကို ညသန်းခေါင် ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချသွားခဲ့တာပါ” လို့ ပြောပါတယ်။

ဗုံးကြဲတာကြောင့် နေအိမ် ၁၀ လုံးနီးပါး ပျက်စီးသွားသလို အသက် ၁၂ အရွယ် ကလေး၁ ယောက် အပါအ၀င် ဒေသခံ ၄  ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာ၀န်ရှိသူက “ပျက်စီးတဲ့ အိမ် ၁၀ လုံးမှာ ၆ လုံး ကတော့ လုံး ၀ပျက်စီးသွားတယ်။ ဒဏ်ရာရတာက ၅ တန်းကျောင်းသူ ၁ ယောက်နဲ့ အမျိုးသား ၃ ယောက်ပါ။ ဆေးကု နေပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမရှိဘူး”လို့ ပြောပါတယ်။

အခုလို စစ်တပ်က လေကြောင်းတိုက်ခိုက်တာကို ဆက်လုပ်လာမှာကို စိုးရိမ်တဲ့အတွက် ကံချောင်းရွာနဲ့ အနီးနားရွာက ရွာသားတွေဟာ နေရပ်စွန့်ပြီး ရွှေ့ပြောင်းနေနေကြရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024