Home
နိုင်ငံတကာ
မက္ကဆီကိုတွင် သံမဏိစက်ရုံ ပေါက်ကွဲမှုဖြစ်ပြီး အနည်းဆုံး ၁၂ ဦး သေဆုံး
DVB
·
October 31, 2024
Photo - REUTERS/Hector Lorenzo

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း လတ်စ်ကာလာပြည်နယ်ရှိ ဆီမက်ကုမ္ပဏီက ပိုင်ဆိုင်တဲ့ သံမဏိစက်ရုံမှာ အောက်တိုဘာ ၃၀ ရက် အစောပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ရာမှာ အနည်းဆုံး လူ ၁၂ ယောက် သေဆုံးခဲ့ကြောင်း ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။

“လတ်စ်ကာလာပြည်နယ်ရဲ့ အပီဇာကိုမြို့ထဲရှိ သံမဏိစက်ရုံဝင်းထဲမှာ သံမဏိရည်တွေ ယိုဖိတ်မှုကြောင့် လူတွေ အသက်ဆုံးရှုံးခဲ့ပြီး လုပ်ငန်းလည်ပတ်မှုတွေကို ယာယီရပ်ဆိုင်းခဲ့ရကြောင်း” ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆီမက်ကုမ္ပဏီက ပြောပါတယ်။

ပြည်နယ် အရပ်ဘက်ကာကွယ်ရေးရုံးက လူမှုကွန်ရက် စာမျက်နှာမှာတော့ ပေါက်ကွဲမှုဟာ အရည်ကျိုစက် ပြိုလဲကျပြီးနောက်မှာ ဖြစ်ပွားဖွယ်ရှိကြောင်း ပြောထားပါတယ်။

သေဆုံးသူတွေဟာ စက်ရုံရှိ အလုပ်သမားတွေဖြစ်ကြောင်း ပြည်နယ်အစိုးရရှေ့နေရုံးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

လူတယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေရှိပြီး သူ့ကို ဆေးရုံတင်ထားတယ်လို့လည်း ဆိုပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013