Home
မြန်မာသတင်း
စစ်ခေါင်းဆောင်နှင့် တွေ့ဆုံပြီး အကြမ်းဖက်မှုအဆုံးသတ်ရန် တောင်းဆိုခဲ့ဟု ကုလအထူးကိုယ်စားလှယ် ပြော
DVB
·
October 30, 2024
Photo:UN

မြန်မာနိုင်ငံကို လာရောက်ခဲ့ချိန်တုန်းက အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီးတော့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘစ်ရှော့က ပြောတဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ဒီအကြောင်းကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ အစည်းအဝေးတခုမှာ ပြောကြားခဲ့တာဖြစ်ပြီး မြန်မာ့အရေးမှာ ပါဝင်ပတ်သက် နေသူတွေအားလုံးအနေနဲ့ ဒီ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် နောက်ကြောင်းပြန်လှည့်ရမယ်လို့လည်း သူက ဆိုပါ တယ်။

"ကျမ နေပြည်တော်ကို သွားရောက်ခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ပြန်လာခဲ့ပါတယ်။” 

ဒီခရီးစဉ်ဟာ အရင်က ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့တဲ့ ခရီးစဉ်တခုဖြစ်ပြီး  တွေ့ဆုံမှု အ သေးစိတ်ကို ပြောကြားခြင်းမရှိသလို ဘယ်အချိန်မှာတွေ့ဆုံခဲ့ပြီး ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာကိုလည်း ပြောကြားခြင်း မရှိပါဘူး။

ဒါ့အပြင် သူ့ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့သလို သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ဆက်ဆံမှုမှာ သူ့အနေနဲ့ သမာသမတ်ကျစွာ ဆက်လက်တည်ရှိနေတယ်လို့လည်း ဆိုပါတယ်။

“ကျမရဲ့ အခန်းကဏ္ဍကနေတဆင့် သဘောတူထားတဲ့ ဖြေရှင်းချက်တခုကို အဆင်ပြေချော မွေ့စေဖို့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေနဲ့ ပိုမိုညှိနှိုင်းဆောင်ရွက်ဖို့ ကွဲပြားပြီး မကြာခဏ ကွဲလွဲနေတဲ့ အမြင်တွေကို နားလည်ဖို့ ရည်ရွယ်ပါတယ်” 

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ ဂျူလီဘစ်ရှော့ကိုတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က မြန်မာနိုင်ငံဆိုင်ရာ  အထူးကိုယ်စားလှယ် အဖြစ် ပြီးခဲ့တဲ့ ဧပြီလတုန်းက နိုလင်းဟေဇာနေရာမှာ အစားထိုး ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

Source: Reuters/ The Straits times

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013