ဘတ်စ်ကားယာဉ်မောင်းတွေအတွက် စောစောအငြိမ်းစားယူဖို့ အခြေအနေတွေကို ပြောင်းလဲရေး တောင်းဆိုရင်း စပိန်နိုင်ငံရဲ့ အဓိကအလုပ်သမားသမဂ္ဂနှစ်ခုက အောက်တိုဘာ ၂၈ ရက်မှာ စပြီး ဆက်တိုက် သပိတ်မှောက်ခဲ့ ကြပါတယ်။
ရာချီတဲ့ ခရီးသည်တွေဟာ မက်ဒရစ်မြို့တော်ရဲ့ စည်ကားတဲ့ ပလာဇာ ကတ်စတီလာနဲ့ မွန်ကလိုအာ ဘတ်စ်ကားဂိတ်တွေမှာ တန်းစီစောင့်ဆိုင်းနေကြပြီး တချို့ကို တိုင်းဒေသကြီးအစိုးရတွေက အနိမ့်ဆုံး ဝန်ဆောင်မှုတွေ ပေးခဲ့ပေမဲ့ တချို့ကတော့ ဘတ်စ်ကားအတွက် မိနစ် ၃၀ ကျော်စောင့်ဆိုင်းခဲ့ရပါတယ်။
ခရီးသည်တချို့က သပိတ်ကို သဘောတူကြပြီး တချို့က သူတို့အလုပ်ကို အချိန်မီ ရောက်ရေးအတွက် အခက်အခဲတွေ့ခဲ့ကြပါတယ်။
သမဂ္ဂနဲ့ ဘတ်စ်ကားကဏ္ဍ စီမံခန့်ခွဲရေးအဖွဲ့တို့အကြား သဘောတူညီချက်မရခဲ့ရင် နိုဝင်ဘာ ၁၁၊ ၂၈ နဲ့ ၂၉ ရက်တို့မှာ သပိတ်တွေဆက်မှောက်မှာ ဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက်အထိ ရက်အကန့်အသတ်မရှိ သပိတ်မှောက်သွားနိုင်တယ်လို့ ကြေညာထားပါတယ်။
Source-Reuters