စပိန်နဲ့ မန်စီးတီးကွင်းလယ်လူ ရိုဒရီဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ရရှိသွားပါတယ်။
ရိုဒရီဟာ ရီးရဲလ်တောင်ပံကစားသမား ဗင်နီဆီးယက်စ်ကို ကျော်ဖြတ်ပြီး ကစားသမားဘဝတလျှောက် ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။
မနှစ်ကရာသီက မန်စီးတီးနဲ့အတူ ၄ ကြိမ်ဆက် ပရီးမီးယားလိဂ်ဆုဖလား ရယူနိုင်ခဲ့သလို စပိန်အသင်းနဲ့လည်း ယူရိုချန်ပီယံဆု ရယူနိုင်ခဲ့တာပါ။
အသက် ၂၁ နှစ်အောက် အကောင်းဆုံး လူငယ်ကစားသမားဆုကိုတော့ ဘာစီလိုနာနဲ့ စပိန်ကြယ်ပွင့်ကစားသမား လာမိန်းယာမယ်က ရရှိပါတယ်။
ဂိုးသွင်းအများဆုံးကစားသမား ဆုကိုတော့ ဘိုင်ယန်တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ရီးရဲလ် တိုက်စစ်မှူး အမ်ဘာပေတို့က ပူးတွဲရရှိပါတယ်။
အကောင်းဆုံးဂိုးသမားဆုကိုတော့ အာဂျင်တီးနားနဲ့ အက်စတန်ဗီလာဂိုးသမား မာတီနက်ဇ်က ၂ နှစ်ဆက်တိုက် ရရှိခဲ့ပါတယ်။
အမျိုးသမီး အကောင်းဆုံး ကစားသမားဆုကို စပိန်နဲ့ ဘာစီလိုနာကွင်းလယ်ကစားသမား ဘွန်မာတီက ၂ နှစ်ဆက်တိုက်ရရှိ ပါတယ်။
အကောင်းဆုံးနည်းပြဆုကိုတော့ ရီးရဲလ်နည်းပြ အန်ချလော့တီ၊ အမျိုးသမီးနည်းပြဆုကိုတော့ ချဲလ်ဆီးနဲ့ အမေရိကန်အိုလံပစ်အသင်းကို ဆုဖလားရယူပေးခဲ့တဲ့ အင်္ဂလန်နည်းပြ အမ်မာဟေးရက်စ်က ရရှိသွားပါတယ်။