Home
အားကစား
ဘလွန်းဒီအောဆု ရိုဒရီ ရရှိသင့်ဟု မန်စီးတီးအသင်းဖော် ရူဘင်ဒီယက်စ် သုံးသပ်
DVB
·
October 28, 2024
Photo-Reuters

ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို အသင်းဖော် ရိုဒရီ ရရှိသင့်ကြောင်း နောက်ခံလူ ရူဘင်ဒီယက်စ်က သုံးသပ်သွားပါတယ်။

စပိန်ကွင်းလယ်ကစားသမားဟာ မနှစ်က ချန်ပီယံလိဂ် ဆုဖလား မရခဲ့ပေမဲ့ မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုဖလား ရယူနိုင်ခဲ့ပြီး စပိန်အသင်းကိုလည်း ယူရိုချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သူပါ။

ရိုဒရီအတွက် အကောင်းဆုံးဘောလုံးရာသီတခု ပိုင်ဆိုင်ခဲ့ပြီး ယူရိုချန်ပီယံလည်း ဖြစ်တာကြောင့် အကောင်းဆုံးဆု ရရှိသင့်တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့ ပေါ်တူဂီနောက်ခံလူ ဒီယက်စ်က ပြောပါတယ်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်မယ့် ဘလွန်းဒီအောဆုအတွက် ဘရာဇီးနဲ့ ရီးရဲလ် တောင်ပံတိုက်စစ်မှူး ဗင်နီဆီးယက်စ်က ရေပန်းအစားဆုံးဖြစ်နေပြီး သူသာရရှိမယ်ဆိုရင် ၂၀၀၇ ခုနှစ်မှာ ကာကာ ဆုရရှိခဲ့ပြီးနောက်ပိုင်း ပထမဆုံးဆုရရှိတဲ့ ဘရာဇီးကစားသမား ဖြစ်လာဖို့ ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024