ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုကို ရယူနိုင်တဲ့ ပထမဆုံး ညာနောက်ခံလူ ဖြစ် ချင်ကြောင်း အလက်စန္ဒြားအာနိုးလ်က ပြောပါတယ်။
၁၉၅၆ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တဲ့ ဘလွန်းဒီအောဆုသမိုင်းမှာ နောက်ခံလူတွေ ရခဲ့ဖူးပေမဲ့ နောက်ခံအစွန်လူတွေ တကြိမ် တခါမှ ရယူနိုင်ခြင်း မရှိသေးတာပါ။
အာနိုးလ်ကတော့ ကမ္ဘာ့ဖလားထက် ဘလွန်းဒီအောဆုကို ပိုပြီးလိုချင်ကြောင်း၊ တချိန်မှာ ဘလွန်းဒီအောဆု ရယူနိုင်မယ်လို့ ယုံကြည်ပြီး ကစားသမားဘဝကနေ အနားယူပြီးချိန်မှာ မှန်ထဲကို ကြည့်ပြီး အရာအားလုံး ငါလုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောချင်ကြောင်း အာနိုးလ်က ပြောပါတယ်။
အင်္ဂလန်နောက်ခံလူဟာ လီဗာပူးနဲ့ အတူ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခဲ့ချိန်က ကမ္ဘာ့အကောင်းဆုံးအသင်းမှာ ပါဝင်ခဲ့ဖူးပေမဲ့ တဦးချင်းအနေနဲ့တော့ ဆုရယူနိုင်ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။