လီဗာပူးအသင်းဟာ နောက်ခံလူ အာနိုးလ်အတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံစဉ်းစားသွားမယ်လို့ သိရပါတယ်။
အင်္ဂလန်ညာနောက်ခံလူဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ မတိုင်ခင်မှာပဲ အသင်ပြောင်းရွှေ့ဖို့ ရှိနေပြီး ရီးရဲလ်အသင်းက စာချုပ်သက်တမ်းမပြည့်ခင်မှာ ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာပါ။
လီဗာပူးအသင်းဘက်ကလည်း အာနိုးလ်ကို ရောင်းချသွားဖို့ရှိပြီး စာချုပ်သက်တမ်း တိုးမြှင့်ဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။
ရီးရဲလ်အသင်းမှာ အဓိကနောက်ခံလူ ကာဗာဟယ် ကာလရှည် ဒဏ်ရာရခဲ့တာကြောင့် ညာနောက်ခံလူတယောက် ခေါ်ယူသွားမှာဖြစ်ပြီး အာနိုးလ်က နံပါတ်တစ်ပစ်မှတ် ဖြစ်လာခဲ့တာပါ။