လီဗာပူးဂိုးသမား အလစ်ဆန်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ် ၆ ပတ်လောက် အနားယူရမယ်လို့ သိရပါတယ်။
ဘရာဇီးလက်ရွေးစင်ဂိုးသမားဟာ ပဲလေ့အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာပါ။
ဒဏ်ရာအခြေအနေကို အသေးစိတ်စစ်ဆေးပြီးနောက်မှာ ၆ ပတ်လောက် အနားယူဖို့ ဖြစ်လာခဲ့တာပါ။
ဒီအခြေအနေဟာ အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးအသင်းအတွက် စိုးရိမ်စရာဖြစ်ပြီလာခဲ့တာပါ။
လီဗာပူးအသင်းဟာ လာမယ့်တပတ်မှာ ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာဧည့်ခံယှဉ်ပြိုင်ရမှာပါ။ အဲဒီနောက် လိုက်ပ်ဇစ်၊ အာဆင်နယ်၊ ဘရိုက်တန် အစရှိတဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။