ဂိုးသမားအလစ်ဆန်ရဲ့ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း လီဗာပူးနည်းပြ အာနဲစလော့က အတည်ပြုသွားပါတယ်။
ဘရာဇီး ဂိုးသမားဟာ လီဗာပူးက ခရစ္စတယ်ပဲလေ့ကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ပြီး ပွဲချိန် ၇၉ မိနစ်မှာ လူစားလဲခဲ့ရတာပါ။
ဒဏ်ရာ အခြေအနေ ဆိုးရွားတာကြောင့် ဘရာဇီးအသင်းနဲ့ ပူးပေါင်းတော့မှာမဟုတ်တာ သေချာကြောင်း၊ ဒဏ်ရာအခြေအနေကို အသေးစိတ်စစ်ဆေးပြီး အနားပေးသွားရမှာဖြစ်ကြောင်း နည်းပြအာနဲစလော့က ပြောပါတယ်။
အလစ်ဆန်အနေနဲ့ ချဲလ်ဆီးနဲ့ နောက်တစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်နိုင်ပြီး လိုက်ဇစ်၊ အာဆင်နယ်အသင်းတွေနဲ့ ပွဲစဉ်တွေကို လွဲချော်ဖို့ရှိနေပါတယ်။