ရတ်ဘူးလ်နဲ့ နည်းပြယာဂန်ကလော့ပ်တို့ရဲ့စာချုပ်မှာ ဂျာမနီအသင်းကကမ်းလှမ်းရင် ထွက်ခွါခွင့်ပြုရမဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားတယ်လို့ သိရပါတယ်။
နည်းပြကလော့ပ်ဟာ လီဗာပူးကနေ ထွက်ခွာလာပြီးနောက် ၅ လအကြာမှာ ရတ်ဘူးလ်အသင်းတွေရဲ့ ကမ္ဘာ့လုံးဆိုင်ရာ ဘောလုံးအကြီးအကဲအဖြစ် နှစ်ရှည်စာချုပ်နဲ့ ခန့်အပ်ခြင်းခံခဲ့ရတာပါ။
ဒါပေမဲ့ ဂျာမနီလက်ရွေးစင်အသင်းက နည်းပြကလော့ပ်ကို ခေါ်ယူဖို့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ရတ်ဘူးလ်အသင်းတွေဘက်ကနေ ထွက်ခွါခွင့်ပြုရမယ့် အချက်ကို ထည့်သွင်းချုပ်ဆိုထားတယ်လို့ သိရပါတယ်။
ဂျာမနီအသင်းကို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအထိ နည်းပြ နာဂယ်စမန်းက တာဝန်ယူနေတာပါ။
နည်းပြကလော့ပ်ဟာ ရတ်ဘူးလ် လိုက်ပ်ဇစ်၊ ဆဲလ်ဘတ်၊ နယူးယော့ခ်ရတ်ဘူးလ် အစရှိတဲ့အသင်းတွေရဲ့ ဘောလုံးတိုးတက်ရေးကိစ္စတွေကို ဦးဆောင် သွားရမှာဖြစ်ပါတယ်။