လီဗာပူးနောက်ခံလူဟောင်း မာတစ်ဟာ ကစားသမားဘဝကနေ အနားယူလိုက်ဖို့ စီစဉ်နေ တယ်လို့သိရပါတယ်။
မနှစ်ကရာသီက လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ မာတစ်ဟာ လက်ရှိအချိန်အထိ အသင်းသစ်ရှာမတွေ့ဘဲဖြစ် နေတာပါ။
အသက် ၃၃ နှစ်ရှိ ကင်မရွန်းနောက်ခံလူဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ လီဗာပူးမှာ ၈ နှစ်ကြာ ကစားခဲ့ပြီး အဓိကဆုဖလား ၇ လုံးအထိ ရယူနိုင်ခဲ့သူပါ။
မာတစ်ဟာ အသင်းလက်မဲ့ဖြစ်နေတာ ၅ လ ကြာလာခဲ့ပြီးတဲ့နောက်မှာ ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားလာခဲ့ တာဖြစ်ကြောင်း ဂျာမန်သတင်းစာတွေကို ကိုးကားပြီး အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုက ပြောသွားပါတယ်။
Photo-Reuters