ဘိုးအင်းစက်ရုံ အလုပ်သမားတွေဟာ ကန်ထရိုက်စာချုပ်သစ် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ၅ ပတ်ကျော် ကြာမြင့်လာပြီဖြစ်တဲ့ သပိတ်မှောက်မှုကို ဆက်လက်ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။
၄ နှစ်တာအတွင်း လစာကို ၃၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးသွားမှာဖြစ်တဲ့ ကမ်းလှမ်းချက်ကို သမဂ္ဂဝင် ၆၄ ရာခိုင်နှုန်းက ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။
သမဂ္ဂအဖွဲ့ဝင်တွေကတော့ ဘိုးအင်းဘက်က ကမ်းလှမ်းချက်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပေးထားတဲ့ ကတိတွေကို လိမ်လည်လိုက်တာလို့ ယူဆထားကြပါတယ်။
အစဉ်အလာ ပင်စင်ထောက်ပံ့ကြေး ပေးအပ်မှု မပါဝင်တော့သလို တောင်းဆိုထားတဲ့ အချက်တွေ မပါဝင်တဲ့ ကမ်းလှမ်းချက်ကို အလုပ်သမားအများစုက ထပ်ပယ်ချခဲ့တာ ဖြစ်ပါတယ်။
ဘိုးအင်းရဲ့ အနောက်ဘက်ကမ်းစက်ရုံတွေက မက်ကင်းနစ် ၃၀,၀၀ ကျော်ဟာ စက်တင်ဘာ ၁၃ ရက်က စပြီး သပိတ်မှောက်ထားတာ ဖြစ်ပါတယ်။
ဒီစက်ရုံတွေဟာ ဘိုးအင်းရဲ့ အရောင်းရဆုံး 737 MAX နဲ့ 767 နဲ့ 777 ကိုယ်ထည်တွေ ထုတ်လုပ်တာ ဖြစ်ပါတယ်။
ဘိုးအင်းကုမ္ပဏီဟာ 737 Max လေယာဉ်တံခါးချပ်ကြီး ပြုတ်ထွက်တဲ့ကိစ္စ အပါအဝင် ပြဿနာမျိုးစုံကြောင့် စုံစမ်းမှုတွေနဲ့ ရင်ဆိုင်ရသလို အရှုံးပေါ်နေတဲ့ ဘိုးအင်းကုမ္ပဏီအတွက် အခု အလုပ်သမားသပိတ်ဟာ ပိုအထိနာစေတဲ့ အကြောင်းရင်းတခု ဖြစ်လာခဲ့ပါတယ်။ အခုနှစ် တတိယသုံးလပတ်မှာ ကုမ္ပဏီဟာ ဒေါ်လာ ၆ ဘီလီယံကျော် အရှုံးပေါ်ခဲ့ပါတယ်။
Source-Reuters