အစ္စရေးရဲ့ အောက်တိုဘာ ၂၆ ရက်က လေကြောင်းတိုက်ခိုက်မှုဟာ အီရန်ရဲ့ ပျက်ပြယ်သွားပြီဖြစ်တဲ့ နျူကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ရဲ့ အဆောက်အအုံကို ထိမှန်ခဲ့တယ်လို့ အမေရိကန်သုတေသီတယောက်က ပြောပါတယ်။
သူနဲ့တခြား သုတေသီတယောက်ကတော့ အစ္စရေးရဲ့ ပစ်ခတ်မှုဟာ ဒုံးကျည်တွေအတွက် လောင်စာခဲတွေ ရောနှောရာမှာသုံးတဲ့ အဆောက်အအုံတွေကိုပါ ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂ လက်နက်စစ်ဆေးရေးမှူးဟောင်း ဒေးဗစ်အယ်လ်ဘရိုက်နဲ့ CNA က တွဲဖက် သုတေသန လေ့လာသူ ဒက်ကာ အဲဗဲလဲ့သ်တို့က စီးပွားဖြစ် ဂြိုလ်တုပုံရိပ်တွေအပေါ် အခြေခံပြီး သီးခြားစီ အကဲဖြတ်ခဲ့ကြတာပါ။
မြို့တော်တီဟီရန်အနား ပါချင်မြို့က ကြီးမားတဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံဖြစ်တဲ့ အဆောက်အအုံတွေကို အစ္စရေးက လုပ်ကြံခဲ့တယ်လို့ ရိုက်တာသတင်းဌာန က ဖော်ပြထားပါတယ်။
တီဟီရန်မြို့တော်နားက ကျယ်ပြောလှတဲ့ ဒုံးကျည်ထုတ်လုပ်တဲ့ နေရာဖြစ်တဲ့ ခိုဂျီယာကို အစ္စရေးတို့က တိုက်ခိုက်ခဲ့တာလို့ အဲဗဲလဲ့သ်က ပြောပါတယ်။
ခိုဂျီယာမှာ လုပ်ငန်းတွေ အကြီးအကျယ် တိုးချဲ့နေတယ်လို့လည်း ဇူလိုင်လမှာ ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာ အီရန်ရဲ့ ဒုံးကျည်အမြောက်အမြား ထုတ်လုပ်နိုင်စွမ်းကို သိသိသာသာ အနှောင့်အယှက် ဖြစ်စေနိုင်တယ်လို့ အဲဗဲလဲ့သ်က ပြောပါတယ်။
အီရန်အစိုးရက အောက်တိုဘာ ၁ ရက် အစောပိုင်းမှာ အစ္စရေးနိုင်ငံအပေါ် ဒုံးကျည် ၂၀၀ ကျော် ပစ်ခတ်မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ အီရန် အနောက်ပိုင်းနဲ့ တီဟီရန်မြို့တော်အနားက တခြားနေရာတွေက ဒုံးကျည် စက်ရုံတွေကို အစ္စရေးဂျက်လေယာဉ် ၃ စင်းက တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောခဲ့ပါတယ်။
အစ္စရေး စစ်လေယာဉ်တွေဟာ အိုင်လမ်၊ ခူဇက်စတန်နဲ့ တီဟီရန်မြို့တော်အနီးတဝိုက်က နယ်ခြားရေဒါစနစ်တွေကို တိုက်ခိုက်ဖို့ အလွန်ပေါ့ပါးတဲ့ ထိပ်ဖူးတွေကို သုံးခဲ့တယ်လို့ အီရန်စစ်တပ်က ပြောပါတယ်။
Source-Reuters