အစ္စရေးလေတပ်က လွန်ခဲ့တဲ့ ၂ ညက ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အီရန်ရဲ့ ခုခံကာကွယ်နိုင်စွမ်းနဲ့ ဒုံးကျည်တွေ ထုတ်လုပ်နိုင်စွမ်းကို အပြင်းအထန် ထိမှန်ခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အောက်တိုဘာ ၂၇ ရက်မှာ ပြောပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က အစ္စရေး အသိုက်အဝန်းတွေအပေါ် ဟားမတ်စ် ဦးဆောင်ပြီး တိုက်ခိုက်မှုအတွင်းနဲ့ အဲဒီနောက်ပိုင်း တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ စစ်သားတွေအတွက် အောက်မေ့ဖွယ်အခမ်းအနား မိန့်ခွန်းမှာ နေတန်ယာဟုက ပြောလိုက်တာပါ။
အီရန်ရဲ့ ကာကွယ်ရေးစွမ်းရည်နဲ့ ဒုံးကျည်တွေ ထုတ်လုပ်နိုင်စွမ်းကို ပြင်းပြင်းထန်ထန် ထိပါးခဲ့ပါတယ်လို့ နေတန်ယာဟုက ပြောပါတယ်။
အစ္စရေးမြို့တွေကို အီရန်က တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ အစ္စရေးရဲ့ ကတိကဝတ်ကို ဖြည့်ဆည်းပေးခဲ့တယ်လို့လည်း နေတန်ယာဟုက ပြောပါတယ်။
“လေတပ်က အီရန်နိုင်ငံတဝန်းလုံးကို တိုက်ခိုက်ခဲ့ပါတယ်။ အီရန်ကို တိုက်ခိုက်မှုဟာ တိကျ၊ အားကောင်းပြီး ရည်မှန်းချက်အားလုံးကို အောင်မြင်ခဲ့ပါတယ်” လို့လည်း နေတန်ယာဟုက ပြောပါတယ်။
Source-Reuters