အစ္စရေးရဲ့ အခုထိ တိုက်ခိုက်မှုတွေမှာ လက်ဘနွန်ရဲ့ ဆေးရုံ ၅၅ လုံး ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီး ဖှီးရာ့စ် အာ့ဘီးယာ့ဒ်က အောက်တိုဘာ ၂၅ ရက်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဆေးရုံ ၃၆ ရုံဟာ တိုက်ရိုက်ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပြီး အဲဒီထဲက ၈ ခုကို ပိတ်လိုက်ရတယ် လို့ ဆိုပါတယ်။ ဆေးရုံ ၈ ရုံကျန်သေးပြီး တစိတ်တစပိုင်း လည်ပတ်နေတဲ့ ဆေးရုံအရေအတွက်က ၇ ရုံရှိတယ်လို့လည်း ပြောပါတယ်။
အဲဒီဆေးရုံတွေမှာ အာဇာနည် ၁၂ ယောက် သေဆုံး၊ အယောက် ၆၀ ဒဏ်ရာရခဲ့ပြီး ယာဉ် ၂၄ စီး ပျက်စီးခဲ့ကြောင်း၊ အိုးဒေဆေး ကျေးရွာရှိ လူနာတင်ယာဉ်တွေထဲမှာ သေဆုံးသွားရတဲ့ ဆေးမှူး ၈ ယောက် ရှိသွားပြီဖြစ်ပြီး အစ္စရေးစစ်တပ်က အဲ့ဒီဆေးမှူးတွေရဲ့ အလောင်းတွေကို လူနာတင်ယာဉ်တွေထဲကနေ ပြန်လည်ထုတ်ယူခွင့် မပြုသေးဘူးလို့ အာ့ဘီးယာ့ဒ်က ပြောပါတယ်။
အခုအချိန်အထိ လူနာတင်ယာဉ်တွေ တိုက်ခိုက်ခံရမှု အကြိမ်ရေ ၂၀၀ ရှိပြီး အာဇာနည် ၁၅၁ ယောက်၊ ဒဏ်ရာရသူ ၂၁၂ ယောက် ရှိပါတယ်။
ကျန်းမာရေးနဲ့ ဆေးရုံကဏ္ဍတွေမှာ အာဇာနည် စုစုပေါင်း အာဇာနည် ၁၆၃ ယောက်နဲ့ ဒဏ်ရာရသူ ၂၇၂ ယောက်ရှိသွားပြီ ဖြစ်ကြောင်းလည်း ဝန်ကြီးက ဆိုပါတယ်။
အစ္စရေးဟာ ပြီးခဲ့တဲ့လက လက်ဘနွန်မှာ သူ့ရဲ့ကြီးမားတဲ့ ထိုးစစ်ကို စတင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် မြောက်ပိုင်းကနေ ထွက်ခွာလာတဲ့ အစ္စရေးနိုင်ငံသား ထောင်ပေါင်းများစွာကို နေရပ်ပြန်ရေး လုံခြုံဖို့အတွက် အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။
Source-Reuters