အစ္စရေးနဲ့ လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာတို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာ လက်ဘနွန်ကနေ ဆီးရီးယားနယ်စပ်ဆီ လက်ဘနွန်နိုင်ငံသားတွေဟာ ပစ္စည်းတွေကို သယ်ဆောင်ပြီး အောက်တိုဘာ ၂၇ ရက်က ထွက်ပြေးလာကြပါတယ်။
လက်ဘနွန်-ဆီးရီးယား အိမ်နီးနားချင်း ၂ နိုင်ငံကို ပိုင်းခြားထားတဲ့ အဓိကနယ်စပ်ဖြစ်တဲ့ အယ်လ်မက်စ်နာမှာ လမ်းပျက်စီးနေလို့ လူအများစုဟာ ခြေလျင်လမ်းလျှောက်နေကြရပါတယ်။
ဆိတ်ထိန်းတယောက်က သူ့ဆိတ်တွေကို ဆီးရီးယားနယ်စပ်ဘက်ဆီ ထိန်းကျောင်းနေတာကို မြင်တွေ့ခဲ့ရပါတယ်။
အစ္စရေးဟာ လွန်ခဲ့တဲ့လက လက်ဘနွန်မှာ ထိုးစစ်ကြီးကြီးတရပ်ကို စတင်ခဲ့တာပါ။ နိုင်ငံ မြောက်ဘက်ခြမ်းကနေ နယ်စပ်ဖြတ်ကျော်ပြီး ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေလို့ အစ္စရေး မြောက်ဘက်ခြမ်းကနေ ထွက်လာရတဲ့ အစ္စရေးနိုင်ငံသား ထောင်ပေါင်းများစွာကို နေရပ်ပြန်ပို့နိုင်စေဖို့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားနေတယ်လို့ အစ္စရေးက ပြောပါတယ်။
အစ္စရေးရဲ့ လက်ဘနွန်ထိုးစစ်ကြောင့် လူပေါင်း ၂,၅၀၀ ကျော် သေဆုံးပြီး ၁ ဒသမ ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့အပြင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်စေခဲ့တယ်လို့ လက်ဘနွန်အစိုးရ အာဏာပိုင်တွေက ပြောထားပါတယ်။
Source-Reuters