လက်ဘနွန်နိုင်ငံတောင်ပိုင်းက ဟစ်ဇ်ဘိုလာတွေရဲ့ မြေအောက်ကွန်ရက်ကြီးကို ဖျက်ဆီးခဲ့ပုံ ဗွီဒီယိုကို အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။
မဖောက်ခွဲမီမှာ အစ္စရေးတပ်မှူးတွေနဲ့ စစ်သားတွေ အဲဒီမြေအောက်ဥမင်တွေထဲ လိုက်လေ့လာနေပုံတွေပါ ပါရှိပါတယ်။
လက်နက်ခဲယမ်း၊ အစားအသောက်နဲ့ ဆက်သွယ်ရေးပစ္စည်းတွေ သိုလှောင်ထားပုံတွေကိုပါ ရိုက်ကူထားတာ ဖြစ်ပါတယ်။
လမ်းအနေအထား၊ ဘေးအဆောက်အအုံတွေနဲ့ တောင်တန်းတွေရဲ့ ပုံသဏ္ဌာန်ကိုကြည့်ပြီး ထုတ်ပြတဲ့ ဗွီဒီယိုရဲ့ အစောပိုင်း ၂၂ စက္ကန့်ဟာ ဘယ်နေရာဖြစ်တယ်ဆိုတာ ရိုက်တာသတင်းဌာနက အတည်ပြုနိုင်ပေမဲ့ နောက်ပိုင်း ဗီဒီယိုထဲမှာ ပါတဲ့နေရာကိုတော့ အတိအကျ အတည်မပြုနိုင်ပါဘူး။
ဂါဇာစစ်ပွဲ စတင်ချိန်မှာ လက်ဘနွန်အခြေစိုက်၊ အီရန် နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ဟားမတ်စ်ဘက်က ထောက်ခံပြီး အစ္စရေးကို ရော့ကတ်တွေနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အစ္စရေးဟာ လက်ဘနွန်နိုင်ငံထဲကို မြေပြင်ထိုးစစ်ပါ ဝင်ရောက်ပြီး ဟစ်ဇ်ဘိုလာတွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဟစ်ဇ်ဘိုလာတို့ရဲ့ ကာလရှည်ခေါင်းဆောင်ကြီး နာဆာရဲလား အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေ အားလုံးနီးပါး လုပ်ကြံနိုင်ခဲ့သလို ဆက်ခံသူခေါင်းဆောင်ကိုပါ လုပ်ကြံနိုင်ခဲ့ပေမဲ့ ဟစ်ဇ်ဘိုလာတို့ရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
Source-Reuters