
ဂလိုဘယ် အီကွမ်းဝန်ဆောင်မှုနဲ့ စီးပွားရေးဦးပိုင်ကုမ္ပဏီ(GISB) ရဲ့ အမှုဆောင်အရာရှိချုပ် နာစီရူဒင် မိုဟာမဒ်အလီ အပါအဝင် အဖွဲ့ဝင် ၂၂ ယောက်တို့ကို မလေးရှားတရားရုံးက အုပ်စုဖွဲ့ရာဇ၀တ်မှုနဲ့ အောက်တိုဘာ ၂၃ ရက်မှာ တရားစွဲလိုက်ပါတယ်။
စွပ်စွဲခံထားရတဲ့ ရာဇဝတ်မှုတွေရဲ့ တိကျသေချာတဲ့ သဘောသဘာဝကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ စွပ်စွဲခံရသူရဲ့ ပရဟိတဂေဟာတွေမှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု လက္ခဏာတွေကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးနေတဲ့ကြားက အာဏာပိုင်တွေဟာ လုပ်ငန်းစုရဲ့ အဖွဲ့အစည်းတွေကို နှိမ်နင်းဖို့ အရှိန်မြှင့် ကြိုးပမ်းခဲ့တာပါ။
ရဲတပ်ဖွဲ့ဝင်တွေက အမှုကို ကျယ်ကျယ်ပြန့်ပြန့် အောက်ခြေထိ ပိုက်စိပ်တိုက် စစ်ဆေးနေချိန် စက်တင်ဘာလမှာ မလေးရှား အာဏာပိုင်တွေက နာစီရူဒင်နဲ့ GISB ရဲ့ အကြီးတန်း မန်နေဂျာတွေကို ဖမ်းဆီးခဲ့ပါတယ်။
ပိတ်ပင်ထားတဲ့ ဘာသာရေးဂိုဏ်းနဲ့ ဆက်နွှယ်တယ်လို့ ရဲတပ်ဖွဲ့က ပြောတဲ့ GISB ဟာ ကျယ်ကျယ်ပြန့်ပြန့် ညှဉ်းပန်းနှိပ်စက်မှုနဲ့ တခြား အကျင့်ပျက်မှုဆိုင်ရာ စွပ်စွဲချက်တွေကို ငြင်းဆို ထားပေမဲ့ နာစီရူဒင်ကတော့ လိင်တူဆက်ဆံမှု တကြိမ် နှစ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။
Source: Reuters