Home
အားကစား
လုပ်ခ ပေါင် ၄၇ သန်း မရသည့်အပေါ်   PSG အသင်းကို အမ်ဘာပေ တရားစွဲမည်
DVB
·
August 21, 2024
Photo -REUTERS

ပြင်သစ်တိုက်စစ်မှူးအမ်ဘာပေဟာ အသင်းဟောင်း PSG အသင်းကို လုပ်ခလစာ အပြည့်အ၀ မပေးချေမှုနဲ့ တရားစွဲဆိုဖို့ ရှိနေပါတယ်။

အမ်ဘာပေဟာ သူ့ရဲ့လုပ်ခလစာပေါင် ၄၇ သန်းကို PSG ဘက်က မပေးချေခဲ့တဲ့အပေါ် ပြင်သစ်တရားရုံးမှာ တရားစွဲဆိုသွားမယ့်အပြင် ဥရောပ ဘောလုံးအဖွဲ့ချုပ်အထိ တိုင်ကြားသွားမယ်လို့ ပြင်သစ်သတင်းစာတွေမှာ ဖော်ပြကြပါတယ်။

အမ်ဘာပေဘက်က တောင်းဆိုတဲ့ ပေါင် ၄၇ သန်းထဲမှာ PSG အသင်းနဲ့ နောက်ဆုံး ၃ လစာ လုပ်ခလစာ အပါအဝင် ဆုကြေးငွေတွေနဲ့ လက်မှတ်ထိုးကြေး ပေါင်သန်း ၃၀ လည်း ပါဝင်တယ်လို့သိရ ပါတယ်။

PSG အသင်းအနေနဲ့ အမ်ဘာပေရဲ့ တောင်းဆိုမှုကို  ဖြေရှင်းမပေးနိုင်ဘူးဆိုရင်  ဥရောပ ဘောလုံးအဖွဲ့ချုပ်က ကလပ်လိုင်စင်ကို ပြန်လည်ရုပ်သိမ်းခွင့်ရှိနေပြီး ဥရောပချန်ပီယံလိဂ်ယှဉ်ပြိုင် ကစားခွင့်ကိုပါ ပိတ်ပင်သွားနိုင်တယ်လို့ သိရပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013