ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးသစ် အမ်ဘာပေဟာအသင်းနဲ့ အတူပထမဆုံးအကြိမ် လေ့ကျင့် မူတွေ ပြုလုပ်ခဲ့ပါတယ်။
ပြင်သစ်တိုက်စစ်မှူးဟာပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်ကတည်းက အသင်းနဲ့ မိတ်ဆက်ပွဲ ကျင်းပခဲ့ပေမဲ့ ယူရိုပြိုင်ပွဲကစားခဲ့ရတာကြောင့် အားလပ်ရက်ရရှိခဲ့တာပါ။
အမ်ဘာပေဟာ သြဂုတ် ၇ ရက်နေ့မှာ ဘယ်လင်ဂမ်၊ ကာဗာဟယ်၊ ဗယ်ဗာဒီ၊ ချူအာမန်နီ၊ မန်ဒီ၊ ကာမာဗင်ဂါတို့နဲ့ အတူ လေ့ကျင့်ရေး စတင်ပြုလုပ်ခဲ့တာပါ။
အမ်ဘာပေ အနေနဲ့ အက်တလန်တာနဲ့ ကစားရမယ့် ဥရောပစူပါဖလားအမီ ပါဝင်ကစားနိုင်လိမ့်မယ်လို့ နည်းပြ အန်ချလော့တီက ပြောပါတယ်။
အမ်ဘာပေအပါအဝင် ယူရိုပြိုင်ပွဲကစားခဲ့တဲ့ ကစားသမားတွေဟာလည်း သြဂုတ် ၁၆ ရက်မှာ ကစားရမယ့် ဥရောပ စူပါဖလားမှာ ပါဝင်ကစားနိုင်လိမ့်မယ်လို့ နည်းအန်ချလော့တီက ပြောသွားပါတယ်။
Photo-Reuters