Home
အားကစား
ရီးရဲလ်တိုက်စစ်မှူးသစ် အမ်ဘာပေ လုပ်ခအများဆုံးစာရင်းတွင် အဆင့် ၃ နေရာရပ်တည်
DVB
·
July 22, 2024
Photo - Reuters

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးသစ် အမ်ဘာပေဟာ လာလီဂါရဲ့ လုပ်ခအများဆုံးစာရင်းမှာ အဆင့် ၃ နေရာမှာပဲ ရပ်တည်ခဲ့ပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းမှာ ကစားစဉ်က ဝင်ငွေအကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပေမဲ့ မက်ဒရစ်မှာတော့ လုပ်လစာ လျော့ကျသွားခဲ့ရတာပါ။

သူဟာ တစ်နှစ်လုပ်ခ ပေါင် ၂၆ ဒသမ ၃ သန်းရရှိပြီး အသင်းရဲ့ လုပ်ခအများဆုံး ကစားသမားဖြစ်ပေမဲ့ လာလီဂါမှာတော့ အဆင့် ၃ နေရာမှာ ရပ်တည်ခဲ့တာပါ။

စပိန်လာလီဂါမှာ လုပ်ခအများဆုံးကစားသမားက ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီယောင် ဖြစ်ပြီး တစ်နှစ်ကို ပေါင် ၃၁ ဒသမ ၆သန်းရရှိနေတာပါ။

ဒီယောင်ရဲ့နောက်မှာ အသင်းဖော် တိုက်စစ်မှူး လီဝန်ဒေါစကီးက တစ်နှစ်လုပ်ခပေါင် ၂၈ ဒသမ ၃သန်းနဲ့ ရပ်တည်ပါတယ်။

အဲဒီနောက် အမ်ဘာပေ၊ ဒေးဗစ်အလာဘာ၊ ဂျန်အိုဘလိတ်၊ ဗင်နီဆီးယက်၊ ဘယ်လင်ဂမ်၊ ဂွန်ဒိုဂမ်  အစရှိတဲ့ ကစားသမားတွေက  အစဉ် လိုက်ရပ်တည်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024